Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ သက် 2:15

Common Language Bible

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကြံ့​ကြံ့ ခိုင်​ခိုင်​ရပ်​တည်​နေ​ကြ​လော့။ ဟော​ပြော​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ စာ​အား​ဖြင့်​လည်း​ကောင်း သင်​တို့​အား​ငါ​တို့​သွန်​သင်​ခဲ့​သည့်​သစ္စာ တ​ရား​များ​ကို​လက်​မ​လွတ်​စေ​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​သြ​ဝါ​ဒ များ​ကို​ဆန့်​ကျင်​လျက်​လူ​တို့​အား​စိတ်​ဝမ်း​ကွဲ စေ​ခြင်း၊ လူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မှောက်​မှား လမ်း​လွဲ​စေ​ခြင်း​ကို​ပြု​သော​သူ​တို့​အား​သ​တိ ပြု​ကြ​လော့။ ထို​သူ​တို့​ကို​ရှောင်​ရှား​ကြ​လော့။-

သင်​တို့​သည်​ငါ့​ကို​အ​စဉ်​အောက်​မေ့​သ​တိ​ရ​၍ ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​အ​တိုင်း​လိုက် နာ​ပြု​ကျင့်​ကြ​သော​ကြောင့်​သင်​တို့​အား​ငါ ချီး​ကူး​၏။-

သို့​ဖြစ်​၍​ချစ်​သော​ညီ​အစ်​ကို​တို့၊ ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။ သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ခြင်း​သည်​ဘယ်​အ​ခါ​၌​မျှ အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​ကာ အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​ဆောင်​ရွက်​ကြ လော့။

နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သင်​တို့​၏​ယုံ​ကြည် ခြင်း​တွင်​ခိုင်​မာ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​လော့။-

ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​အ​လွန်​ချစ် ၍​လွမ်း​ဆွတ်​ပါ​သည်။ ငါ​သည်​သင်​တို့​ကို​အ​ကြောင်း ပြု​၍​လွန်​စွာ​ဝမ်း​မြောက်​၍​ဂုဏ်​ယူ​ဝါ​ကြွား​ပါ​၏။ ချစ်​သော​ညီ​အစ်​ကို​တို့၊ ငါ​တို့​ဆို​ခဲ့​သည့်​အ​တိုင်း ကြံ့​ခိုင်​စွာ​ရပ်​တည်​ကြ​လော့။

သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ကျ ရောက်​ပြီ​ဖြစ်​ကြောင်း​လူ​တို့​ပြော​ဆို​သည် ကို​ကြား​ရ​သော​အ​ခါ သင်​တို့​သည်​ရုတ်​တရက် စိတ်​ရှုပ်​ထွေး​ကာ​မ​တည်​မ​ငြိမ်​မ​ဖြစ်​ကြ​နှင့်။ ဤ​သို့​ပြော​ဆို​ခြင်း​သည်​ငါ​တို့​ပ​ရော​ဖက် ပြု​ခြင်း​အား​ဖြင့်​ပြော​သော​စ​ကား​ဟူ​၍ ဖြစ်​စေ၊ ငါ​တို့​တရား​ဟော​ရာ​တွင်​ပြော​သော စ​ကား​ဟူ​၍​ဖြစ်​စေ၊ ငါ​တို့​စာ​တွင်​ပါ​ရှိ သည့်​စ​ကား​ဟူ​၍​ဖြစ်​စေ​လူ​တို့​ထင် ကောင်း​ထင်​ကြ​ပေ​လိမ့်​မည်။-

အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​သည်​ဤ​စာ တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက် နာ​သော် ထို​သူ​ကို​သ​တိ​ပြု​၍​အ​ရှက်​ရ​စေ ရန်​သူ​နှင့်​မ​ပေါင်း​ဖော်​ကြ​နှင့်။-

ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​ညီ​အစ်​ကို အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက်​နာ​သူ တို့​နှင့်​လည်း​ကောင်း မ​ပေါင်း​ဖော်​ကြ​ရန်​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက် သင်​တို့​ကို​ငါ​တို့​ပညတ်​၏။-

သူ​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ​ကို​စွဲ​မြဲ​စွာ ခံ​ယူ​ယုံ​ကြည်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် တ​ရား​စစ်​တ​ရား​မှန်​အား​ဖြင့်​အား​ပေး​တိုက် တွန်း​နိုင်​လိမ့်​မည်။ ထို​တရား​စစ်​တ​ရား​မှန်​ကို အ​တိုက်​အ​ခံ​ပြု​သူ​တို့​၏​အ​မှား​ကို​လည်း ထောက်​ပြ​နိုင်​လိမ့်​မည်။

ချစ်​ဆွေ​တို့၊ ငါ​တို့​အား​လုံး​ယုံ​ကြည်​လက်​ခံ ကြ​သည့်​ကယ်​တင်​ခြင်း​အ​ကြောင်း​ကို ငါ​သည် သင်​တို့​ထံ​စာ​ရေး​ရန်​ကြိုး​စား​ခဲ့​၏။ သို့​ရာ တွင်​ကိုယ်​တော်​၏​လူ​စု​အား ဘု​ရား​သ​ခင် အ​ပြီး​အ​ပိုင်​ပေး​အပ်​တော်​မူ​သည့်​ယုံ​ကြည် ခြင်း​ကို​ကြံ့​ကြံ့​ခံ​ကာ​ကွယ်​ကြ​ရန် သင်​တို့ ထံ​ချက်​ချင်း​ပင်​စာ​ရေး​၍​အား​ပေး​တိုက် တွန်း​ရန်​လို​အပ်​လာ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ