၂ သက် 2:1Common Language Bibleညီအစ်ကိုတို့၊ ငါတို့အရှင်ယေရှုခရစ်တစ် ဖန်ကြွလာတော်မူခြင်းအကြောင်း၊ ကိုယ်တော် နှင့်အတူရှိရန်ငါတို့စုရုံးရကြခြင်း အကြောင်းတို့နှင့်ပတ်သက်၍သင်တို့အား ငါပြောလို၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
ငါတို့သခင်ယေရှုနောက်တစ်ကြိမ်ကြွလာ တော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့သည်သင်တို့ကိုသာလျှင်အကြောင်း ပြု၍ မိမိတို့၏အောင်မြင်မှုအတွက်ဂုဏ်ယူ ဝါကြွားနိုင်လိမ့်မည်။ သင်တို့သာလျှင်ငါ တို့၏မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ အကြောင်းဖြစ်လိမ့်မည်။ ငါတို့အားဂုဏ်ယူ ဝါကြွား၊ မျှော်လင့်ဝမ်းမြောက်စေသောသူ အပေါင်းတို့တွင်သင်တို့ပါဝင်ကြသည်။-
ဤနည်းအားဖြင့်ကိုယ်တော်သည်သင်တို့ကို ကြံ့ခိုင်စေတော်မူလိမ့်မည်။ ငါတို့အရှင်သခင် ယေရှုသည်မိမိ၏ကောင်းကင်တမန်အပေါင်း တို့နှင့်အတူကြွလာတော်မူသောအခါ၌ သင် တို့သည်ငါတို့အဖဘုရားသခင်၏ရှေ့တော် တွင်အပြစ်ဆိုဖွယ်မရှိသောသန့်ရှင်း မြင့်မြတ်သူများဖြစ်ကြပေအံ့။
ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-