Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 9:9

Common Language Bible

ဘု​ရင်​မ​သည်​ရှော​လ​မုန်​မင်း​အား​ရွှေ​ချိန် ငါး​တန်၊ နံ့​သာ​မျိုး​နှင့်​ကျောက်​မျက်​ရ​တ​နာ အ​မြောက်​အ​မြား​ကို​လက်​ဆောင်​အ​ဖြစ်​ပေး ဆက်​တော်​မူ​၏။ ရှော​လ​မုန်​မင်း​အား​ရှေ​ဘ ပြည်​ဘု​ရင်​မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး ကဲ့​သို့​ကောင်း​သည့်​နံ့​သာ​မျိုး​ကို​နောင် အ​ဘယ်​အ​ခါ​၌​မျှ​မ​တွေ့​ရ​တော့​ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​သူ​တို့​အ​ဖ​က``သို့​ဖြစ်​လျှင်​ဤ​ကဲ့ သို့​ပြု​လုပ်​ကြ​လော့။ ခါ​နာန်​ပြည်​မှ​အ​ကောင်း ဆုံး​ထွက်​ကုန်​များ​ဖြစ်​သော​ဗာ​လ​စံ​စေး​အ​နည်း ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ဘု​ရင်​ခံ​အား လက်​ဆောင်​ဆက်​သ​ရန်​သင်​တို့​အိတ်​များ​တွင် ထည့်​၍​ယူ​သွား​ကြ​လော့။-

ထို​နောက်​ရှေ​ဘ​ဘု​ရင်​မ​သည်​ရှော​လ​မုန်​အား ရွှေ​ချိန်​ငါး​တန်​နီး​ပါး​ကို​လည်း​ကောင်း၊ နံ့​သာ မျိုး​အ​မြောက်​အ​မြား​နှင့်​ကျောက်​မျက်​ရ​တ​နာ တို့​ကို​လည်း​ကောင်း​ပေး​ဆက်​တော်​မူ​၏။ ရှော​လ​မုန် ရ​ရှိ​ဖူး​သ​မျှ​သော​နံ့​သာ​မျိုး​တို့​အ​နက်​ဘု​ရင် မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး​၏​ပ​မာ​ဏ​မှာ အ​များ​ဆုံး​ဖြစ်​သ​တည်း။

ဟိ​ရံ​သည်​ရှော​လ​မုန်​အား​ရွှေ​ချိန်​လေး​တန် နီး​ပါး​ပေး​ပို့​ခဲ့​သ​တည်း။

ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​၏​ဂုဏ် သတင်း​ကို​ကြား​သိ​ရ​သ​ဖြင့် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။ ဘု​ရင်​မ သည်​များ​စွာ​သော​အ​ခြွေ​အ​ရံ​လိုက်​ပါ လျက်​နံ့​သာ​မျိုး​များ၊ ကျောက်​မျက်​ရ​တ​နာ များ၊ ရွှေ​အ​မြောက်​အ​မြား​တင်​ဆောင်​သည့် ကု​လား​အုတ်​များ​နှင့်​ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​ရှိ လာ​သော​အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော ပုစ္ဆာ​တို့​ကို​မေး​တော်​မူ​၏။-

(သြ​ဖိ​ရ​မြို့​မှ​ရွှေ​ကို​ယူ​ဆောင်​လာ​သော ဟိ​ရံ​မင်း​နှင့်​ရှော​လ​မုန်​မင်း​၏​လူ​တို့​သည် ထင်း​ရှူး​သား​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ ကို​လည်း​ယူ​ဆောင်​လာ​ကြ​၏။-

ထို​သူ​အ​သီး​သီး​တို့​သည်​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ်​ထည်၊ လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​နှင့် လား​တို့​ကို​လက်​ဆောင်​အ​ဖြစ်​ဖြင့်​ရှော​လ​မုန် ထံ​နှစ်​စဉ်​ဆက်​သ​ကြ​လေ​သည်။

အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​ထော​မ​နာ​ပြု​ကြ​ပါ​စေ​သ​တည်း။ ကိုယ် တော်​သည်​အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက် မြတ်​နိုး​တော်​မူ​သည်​ဖြစ်​၍ မိ​မိ​၏​ကိုယ်​စား အုပ်​စိုး​နိုင်​ရန်​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး မြှောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ချစ် တော်​မူ​၍​ထာ​ဝစဉ်​စောင့်​ရှောက်​တော်​မူ​လို သ​ဖြင့်​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​နှင့်​တ​ရား မျှ​တ​မှု​ရှိ​နိုင်​စေ​ရန်​အ​ဆွေ​တော်​အား သူ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက် တော်​မူ​ပြီ'' ဟု​ပြော​၏။

စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။ အာ​ရေ​ဗျ​ပြည်​နှင့်​အဲ​သ​ရော​ပိ​ပြည်​မှ ရှင်​ဘု​ရင်​များ​သည်​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​လာ​ကြ​ပါ​လိမ့်​မည်။

မင်း​ကြီး​သည်​သက်​တော်​ရှည်​ပါ​စေ​သော။ အာ​ရေ​ဗျ​ပြည်​မှ​ရွှေ​များ​ကို​လက်​ဆောင်​ပဏ္ဏာ အ​ဖြစ်​ရ​ရှိ​ပါ​စေ​သော။ လူ​တို့​သည်​မင်း​ကြီး​၏​အ​တွက်​အ​စဉ်​ဆု​တောင်း ပတ္ထ​နာ​များ​ပြု​ကြ​ပါ​စေ​သော။ ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အ​စဉ်​အ​မြဲ ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``မွှေး​ကြိုင် သော​နံ့​သာ​မျိုး​ဖြစ်​သည့်​အ​ကျော်၊ စံ​ပါ၊ က​ရ​မက်၊ လော်​ဗန်​စေး​စစ်​စစ်​တို့​ကို၊ ဆ​တူ ချိန်​ယူ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ