Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 9:6

Common Language Bible

ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ​မ​တွေ့​မ​မြင်​ရ​မီ အ​ခါ​က​ထို​သ​တင်း​ကို​ကျွန်ုပ်​မ​ယုံ​ပါ။ အ​ဆွေ တော်​သည်​လူ​တို့​ပြော​ဆို​နေ​ကြ​သည်​ထက်​ပင် ပို​၍​ဉာဏ်​ပ​ညာ​ရှိ​တော်​မူ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ကျွန်ုပ်​သည်​ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ မ​တွေ့​မ​မြင်​ရ​မိ​စဉ်​အ​ခါ​က ထို​သတင်း​ကို မ​ယုံ​နိုင်​ပါ။ ထို​စဉ်​အ​ခါ​က​ကျွန်ုပ်​ကြား​သိ ရ​သည့်​အ​ရာ​များ​သည် ယ​ခု​တွေ့​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​၏​ထက်​ဝက်​မျှ​ပင်​မ​ရှိ​ပါ။ အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​တော်​နှင့်​စည်း​စိမ် ချမ်း​သာ​သည်​ကျွန်ုပ်​ကြား​သိ​ခဲ့​သည်​ထက် များ​စွာ​ပို​မို​ကြီး​ကျယ်​ပါ​ပေ​သည်။-

သူ​သည်​ဧ​ဇ​ရ​ဟိတ်​အမျိုး​သား​ဧ​သန်​ထက် လည်း​ကောင်း၊ မ​ဟော​လ​၏​သား​များ​ဖြစ် သော​ဟေ​မန်၊ ခါ​လ​ကော​လ​နှင့်​ဒါ​ရ​ဒ​တို့ ထက်​လည်း​ကောင်း​ပ​ညာ​ရှိ​၏။ သူ​သည်​လူ အ​ပေါင်း​တို့​တွင်​ပ​ညာ​အ​ရှိ​ဆုံး​ဖြစ် သ​တည်း။ ပတ်​ဝန်း​ကျင်​တိုင်း​နိုင်​ငံ​အ​ပေါင်း သို့​သူ​၏​ပ​ညာ​သ​တင်း​ပျံ့​နှံ့​၍​သွား ၏။-

ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​မင်း​တို့​သည်​ရှော​လ​မုန်​၏ ပ​ညာ​သ​တင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ စေ​တ​မန်​များ​ကို​လွှတ်​၍​သူ​၏​သြ​ဝါ​ဒ များ​ကို​ကြား​နာ​စေ​ကြ​၏။

ဘု​ရင်​မ​က​မင်း​ကြီး​အား``အ​ကျွန်ုပ်​သည် ကျွန်ုပ်​၏​တိုင်း​ပြည်​တွင်​ရှိ​စဉ်​အ​ခါ​က​အ​ဆွေ တော်​နှင့်​အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​အ​ကြောင်း ကို​ကြား​သိ​ခဲ့​ရ​သည့်​သ​တင်း​သည်​မှန်​ပါ သည်​တ​ကား။-

အ​ဆွေ​တော်​၏​အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား လျက် အ​ဆွေ​တော်​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​စ​ကား​များ​ကို​ကြား​ရ​သူ​တို့​သည် အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည်​တ​ကား။-

ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ​သူ​တို့ ၏​အ​တွက် သို​မှီး​ထား​တော်​မူ​သော​ကောင်း​သော​အ​ရာ များ​ကား အ​လွန်​ပင်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ အ​ထံ​တော်​၌​ခို​လှုံ​ကြ​သူ​တို့​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​၏။

ပြည်​တော်​သည်​အ​ဘယ်​မျှ​သာ​ယာ​တင့် တယ်​လျက် နေ​ပါ​လိမ့်​မည်​နည်း။ လူ​ငယ်​လူ​ရွယ်​တို့​သည်​ပြည်​တော်​ထွက်​ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ကို​မှီ​ဝဲ​လျက်၊အား​အင်​ပြည့်​ဖြိုး​၍ လာ​ကြ​လိမ့်​မည်။

သို့​သော်​လည်း​ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ ``ဘု​ရား​သ​ခင်​သည်​အ​ဘယ်​သူ​မျှ​မ​မြင်​မ​ကြား စ​ဖူး၊ ဖြစ်​နိုင်​လိမ့်​မည်​ဟု အ​ဘယ်​သူ​မျှ​မ​ထင်​မ​မှတ်​ဘူး​သည့်၊အ​မှု​အ​ရာ​ကို မိ​မိ​အား​ချစ်​သော​သူ​တို့​အ​ဖို့​ပြင်​ဆင်​ထား​တော် မူ​၏။''

ချစ်​ဆွေ​တို့၊ ယ​ခု​အ​ခါ​ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ သို့​ရာ တွင်​နောင်​အ​ခါ​အ​ဘယ်​သို့​သော​သူ​များ​ဖြစ် မည်​ကို​သေ​ချာ​စွာ​မ​သိ​ရ​ကြ​သော်​လည်း ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ် တော်​ဖြစ်​တော်​မူ​သည်​အ​တိုင်း​ဖူး​မြင်​ရ​ကြ မည်​ဖြစ်​၍ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တူ​ကြ မည်​ကို​သိ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ