Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 9:24

Common Language Bible

ထို​သူ​အ​သီး​သီး​တို့​သည်​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ်​ထည်၊ လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​နှင့် လား​တို့​ကို​လက်​ဆောင်​အ​ဖြစ်​ဖြင့်​ရှော​လ​မုန် ထံ​နှစ်​စဉ်​ဆက်​သ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ရှေ​ဘ​ဘု​ရင်​မ​သည်​ရှော​လ​မုန်​အား ရွှေ​ချိန်​ငါး​တန်​နီး​ပါး​ကို​လည်း​ကောင်း၊ နံ့​သာ မျိုး​အ​မြောက်​အ​မြား​နှင့်​ကျောက်​မျက်​ရ​တ​နာ တို့​ကို​လည်း​ကောင်း​ပေး​ဆက်​တော်​မူ​၏။ ရှော​လ​မုန် ရ​ရှိ​ဖူး​သ​မျှ​သော​နံ့​သာ​မျိုး​တို့​အ​နက်​ဘု​ရင် မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး​၏​ပ​မာ​ဏ​မှာ အ​များ​ဆုံး​ဖြစ်​သ​တည်း။

နှစ်​စဉ်​လာ​ရောက်​ကြ​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​စီ ကိုယ်​ငှ ရွှေ​ထည်၊ အ​ဝတ်​တန်​ဆာ၊ လက်​နက်၊ နံ့​သာ မျိုး၊ မြင်း၊ လား​တို့​ကို​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ် မင်း​ကြီး​အား​ဆက်​သ​ကြ​လေ​သည်။

ဟိ​ရံ​သည်​ရှော​လ​မုန်​အား​ရွှေ​ချိန်​လေး​တန် နီး​ပါး​ပေး​ပို့​ခဲ့​သ​တည်း။

ဖိ​လိတ္တိ​အ​မျိုး​သား​အ​ချို့​တို့​သည်​ယော ရှ​ဖတ်​ထံ​သို့ ငွေ​အ​မြောက်​အ​မြား​နှင့် အ​ခြား​လက်​ဆောင်​ပဏ္ဏာ​များ​ကို​ယူ​ဆောင် လာ​ကြ​၏။ အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့ က​လည်း​သိုး​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ် ရာ​နှင့် ဆိတ်​အ​ကောင်​ရေ​ခု​နစ်​ထောင့်​ခု​နစ်​ရာ ကို​ယူ​ဆောင်​လာ​လေ​သည်။-

သူ​တို့​သည်​ရှော​လ​မုန်​အား​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ​တော်​နှင့် ယှဉ် သည့်​စ​ကား​များ​ကြား​နာ​ရန်​သူ့​ထံ​သို့ လာ​ရောက်​ကြ​၏။-

ဘု​ရင်​မ​သည်​ရှော​လ​မုန်​မင်း​အား​ရွှေ​ချိန် ငါး​တန်၊ နံ့​သာ​မျိုး​နှင့်​ကျောက်​မျက်​ရ​တ​နာ အ​မြောက်​အ​မြား​ကို​လက်​ဆောင်​အ​ဖြစ်​ပေး ဆက်​တော်​မူ​၏။ ရှော​လ​မုန်​မင်း​အား​ရှေ​ဘ ပြည်​ဘု​ရင်​မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး ကဲ့​သို့​ကောင်း​သည့်​နံ့​သာ​မျိုး​ကို​နောင် အ​ဘယ်​အ​ခါ​၌​မျှ​မ​တွေ့​ရ​တော့​ချေ။

ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။

ကူ​တော​မှ​သား​ရဲ​တိ​ရစ္ဆာန်​ဖြစ်​သည့်​အီ​ဂျစ် ပြည်​ကို ဆုံး​မ​တော်​မူ​ပါ။ နွား​လား​ဥ​သ​ဘ​များ​နှင့်​နောက်​လိုက် နွား​ပျို​များ​တည်း​ဟူ​သော​လူ​မျိုး​များ သည် ကိုယ်​တော်​ရှင်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ လက်​ဆောင် ပဏ္ဏာ​ဆက်​သ​လာ​သည်​တိုင်​အောင်​သူ​တို့​အား ဆုံး​မ​တော်​မူ​ပါ။ စစ်​တိုက်​ရန်​နှစ်​သက်​သော​လူ​မျိုး​တို့​ကို​ကွဲ​လွင့် စေ​တော်​မူ​ပါ။

စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။ အာ​ရေ​ဗျ​ပြည်​နှင့်​အဲ​သ​ရော​ပိ​ပြည်​မှ ရှင်​ဘု​ရင်​များ​သည်​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​လာ​ကြ​ပါ​လိမ့်​မည်။

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​ကို​ကယ် ဆယ်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဂေ​ရ​၏​သား၊ ဘယ်​သန်​သူ​ဧ​ဟု​ဒ​ဖြစ်​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဧ​ဟု​ဒ​အား​မော​ဘ ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ များ​နှင့်​အ​တူ​စေ​လွှတ်​လိုက်​ကြ​၏။-

သို့​ရာ​တွင်​လူ​ဆိုး​လူ​မိုက်​တို့​က``ဤ​သူ သည်​ငါ​တို့​အား အ​ဘယ်​သို့​အ​ကျိုး​ပြု​နိုင် ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။ သူ​တို့​သည် ရှော​လု​ကို​အ​ထင်​သေး​သ​ဖြင့် အ​ဘယ် လက်​ဆောင်​ကို​မျှ​မ​ပေး​မ​ဆက်​ကြ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ