Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 8:13

Common Language Bible

သူ​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​ဥ​ပုသ်​နေ့ များ၊ လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​တစ်​နှစ်​တစ် ကြိမ်​ကျင်း​ပ​ရ​သည့်​ပွဲ​တော်​သုံး​ခု​ဖြစ်​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်၊ ကောက်​သိမ်း​ပွဲ​တော်​နှင့် သစ်​ခက်​တဲ​နေ​ပွဲ​တော်​နေ့​တို့​တွင်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​ထာ​ဝရ​ဘု​ရား​အ​တွက် မိ​မိ တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့ ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​တစ် နှစ်​လျှင်​သုံး​ကြိမ်​ပူ​ဇော်​လေ​သည်။ ထာ​ဝ​ရ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​လည်း​မီး​ရှို့​ပူ ဇော်​တော်​မူ​၏။ သို့​ဖြစ်​၍​သူ​သည်​ဗိ​မာန် တော်​တည်​ဆောက်​မှု​ကို​အ​ပြီး​သတ်​တော်​မူ သ​တည်း။

ရှော​လ​မုန်​သည်​တု​ရု​ဘု​ရင်​ဟိ​ရံ​ထံ​သို့ သံ​တ​မန်​စေ​လွှတ်​၍``အ​ဆွေ​တော်​သည်​အ​ကျွန်ုပ် ၏​ခမည်း​တော်​ဒါ​ဝိဒ်​အား​နန်း​တော်​ဆောက်​လုပ် ရန်​အ​တွက်​သစ်​က​တိုး​သား​များ​ကို​ရောင်း ချ​ပေး​ခဲ့​သည့်​နည်း​တူ​ကျွန်ုပ်​နှင့်​လည်း​ကုန် သွယ်​မှု​ကို​ပြု​ပါ​လော့။-

ဖမ်း​ဆီး​သိမ်း​သွား​ရာ​မှ​ပြန်​လာ​သူ​လူ အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​များ​ထိုး​၍ နေ​ထိုင်​ကြ​လေ​သည်။ နုန်​၏​သား​ယော​ရှု လက်​ထက်​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ပ​ထ​မ​ဆုံး​အ​ကြိမ်​သစ်​ခက်​တဲ​နေ​ပွဲ​ကို ကျင်း​ပ​ခြင်း​ဖြစ်​၍ လူ​တိုင်း​ပင်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ကုန်​၏။-

``ဂျုံ​စ​ပါး​စ​တင်​ရိတ်​ချိန်​၌​ကောက်​သိမ်း​ပွဲ​တော် ကို​လည်း​ကောင်း၊ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​ဖြစ် သော​ဆောင်း​ဦး​ပေါက်​ရာ​သီ​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​လည်း​ကောင်း၊ ကျင်း​ပ​ရ​မည်။

``သင်​တို့​၏​အ​မျိုး​သား​အား​လုံး​တို့​သည်​တစ် နှစ်​လျှင်​သုံး​ကြိမ် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝရ​ဘု​ရား​ထံ​ချဉ်း ကပ်​၍​ဝတ်​ပြု​ရ​မည်။-

လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​နှင့်​အ​ခြား​ပွဲ​နေ့​တို့​၌ ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် မီး​ရှို့​ရာ​ယဇ်​အ​တွက်​တိ​ရစ္ဆာန်​များ၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​နှင့်​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​သည် ဆက်​သ​ရ​သော​တာ​ဝန်​ရှိ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပြစ်​များ ပြေ​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ် ပူဇော်​သကာ၊ မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ် တို့​အ​တွက်​စီ​မံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

``သင်​တို့​၏​လူ​မျိုး​ထဲ​မှ​ယောကျာ်း​အား​လုံး တို့​သည်​ပ​သ​ခါ​ပွဲ၊ ကောက်​သိမ်း​ပွဲ​နှင့်​သစ်​သီး သိမ်း​ပွဲ​ကျင်း​ပ​ရန်​တစ်​ခု​တည်း​သော​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ တစ်​နှစ်​လျှင်​သုံး​ကြိမ်​လာ ရောက်​လျက်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့် အ​မျှ လူ​တိုင်း​ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင် ခဲ့​ရ​မည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ