Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 7:22

Common Language Bible

လူ​တို့​က`ဣသ​ရေ​လ​အမျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား ကို​စွန့်​ပစ်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ထံ​တွင်​ကျေး​ဇူး​သစ္စာ ခံ​လျက်​ထို​ဘု​ရား​တို့​ကို​ကိုး​ကွယ်​ကြ​လေ ပြီ။ ထို​ကြောင့်​ထာ​ဝရ​ဘု​ရား​သည်​သူ​တို့​အား ဤ​ဘေး​ဒဏ်​ကို​သင့်​စေ​တော်​မူ​ပြီ' ဟု​ဖြေ ဆို​ကြ​လိမ့်​မည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​ဘု​ရင်​ကို​ခေါ် ဆောင်​တော်​မူ​ခဲ့​၏။ ထို​ဘု​ရင်​သည်​လည်း​ယု​ဒ လူ​ငယ်​လူ​ရွယ်​များ​ကို​ဗိ​မာန်​တော်​ထဲ​၌​ပင် သတ်​ဖြတ်​လေ​သည်။ ဘု​ရား​သ​ခင်​သည်​အ​သက် ကြီး​သူ၊ ငယ်​သူ၊ ယောကျာ်း​မိန်း​မ၊ ဖျား​နာ​သူ၊ ကျန်း​မာ​သူ​တို့​ကို​မ​သ​နား​ဘဲ​ရှိ​ရှိ​သ​မျှ သော​သူ​တို့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​သို့ အပ်​တော်​မူ​၏။-

ဤ​နည်း​အား​ဖြင့်​ငါ​သည်​အ​ပြစ်​ကူး​လွန် သူ​များ၊ ငါ့​ကို​စွန့်​ပစ်​သူ​များ၊ အ​ခြား​ဘု​ရား တို့​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့​ပူ​ဇော်​သူ များ​နှင့် မိ​မိ​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​အား​အ​ပြစ် ပေး​တော်​မူ​မည်။-

ထို​အ​ခါ​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က`သင် တို့​ဘိုး​ဘေး​များ​သည် ငါ့​ကို​စွန့်​ပစ်​၍​အ​ခြား ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သူ တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကာ​ငါ​၏​သြ​ဝါ​ဒ များ​ကို​မ​လိုက်​နာ​ကြ။-

သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ​ပါ​မူ ဤ​နန်း တော်​သည်​ယို​ယွင်း​ပျက်​စီး​၍​သွား​လိမ့်​မည် ဖြစ်​ကြောင်း​သင်​တို့​အား​ကျိန်​ဆို​ပြော​ကြား ၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏​ဟု​မိန့်​တော်​မူ​၏။

သင်​သည်​သူ​တို့​၏​ပြု​မူ​လုပ်​ဆောင်​ချက် များ​ကို​မြင်​သော​အ​ခါ ငါ​သည်​အ​ဘယ် အ​မှု​ကို​မျှ​အ​ကြောင်း​မဲ့​ပြု​တော်​မ​မူ တတ်​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​နား​လည် လာ​လိမ့်​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။

ကိုယ်​တော်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သည် အ​တိုင်း အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​သူ​တို့​အား အ​ပြစ်​ဒဏ်​ပေး​တော် မူ​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​အား​ကမ္ဘာ​ပေါ် ရှိ​အ​ခြား​မြို့​များ​ထက်​ပို​၍ ပြင်း​ထန်​စွာ အ​ပြစ်​ပေး​တော်​မူ​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ