Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 6:42

Common Language Bible

အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော​ဘု​ရင်​ကို​ပစ်​ပယ် တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​၏​အ​စေ​ခံ​ဒါဝိဒ် အ​ပေါ်​တွင်​ထား​ရှိ​တော်​မူ​ခဲ့​သည့်​မေတ္တာ တော်​ကို​အောက်​မေ့​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ ပြု​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​တွင်​ဇာ​ဒုတ်​နှင့်​နာ​သန်​တို့​က​သူ့​အား ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ဘိ​သိက်​ပေး​ကြ စေ။ ထို့​နောက်​တံ​ပိုး​ခ​ရာ​မှုတ်​၍`ရှော​လ​မုန်​မင်း သက်​တော်​ရှည်​ပါ​စေ​သော' ဟု​ကြွေး​ကြော်​ကြ လော့။-

ယ​ခု​ကျွန်ုပ်​တွင်​မယ်​တော်​အား​ပန်​ကြား စ​ရာ​ရှိ​ပါ​သည်။ ကျေး​ဇူး​ပြု​၍​မ​ငြင်း ပယ်​ပါ​နှင့်'' ဟု​ပြန်​ပြော​၏။ ဗာ​သ​ရှေ​ဘ​က``အ​ဘယ်​အ​ရာ​နည်း'' ဟု မေး​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ဒါ​ဝိဒ်​မင်း​နှင့်​သူ​ခံ​ခဲ့​ရ​သ​မျှ​သော​ဆင်း​ရဲ ဒုက္ခ​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍ ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သည့်​ဘု​ရင်​ကို ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။

ထို​သူ​တို့​၏​ဘု​ရင်​တို့​သည်​ပုန်​ကန်​ကြ​၏။ သူ​တို့​၏​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သော​ဘု​ရင်​အား ပုန်​ကန်​ရန်​လျှို့​ဝှက်​တိုင်​ပင်​ကြ​၏။

ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​တစ်​ရက်​မျှ နေ​ရ​ခြင်း​သည် အ​ခြား​သော​အ​ရပ်​တွင်​ရက်​ပေါင်း​တစ်​ထောင် နေ​ရ​ခြင်း​ထက်​သာ​၍​မြတ်​ပါ​၏။ ဘု​ရား​သ​ခင်​၏​အိမ်​တော်​တံ​ခါး​စောင့်​ဖြစ်​ရ ခြင်း​သည် သူ​ယုတ်​မာ​တို့​၏​အိမ်​တွင်​နေ​ရ​ခြင်း​ထက် သာ​၍​မြတ်​ပါ​၏။

ငါ​သည်​သူ့​အား​အ​စဉ်​ချစ်​မြတ်​နိုး​၍​သစ္စာ စောင့်​မည်။ သူ့​အား​အ​စဉ်​အောင်​ပွဲ​ခံ​စေ​မည်။

ငါ​သည်​သူ့​အား​ထား​ရှိ​သည့်​က​တိ​သစ္စာ​ကို အ​စဉ်​တည်​စေ​မည်။ ငါ​နှင့်​သူ​ပြု​သော​ပ​ဋိ​ညာဉ်​ကို​ခိုင်​မြဲ​စေ​မည်။

``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ထံ​သို့​လာ​ကြ​လော့။ ဤ​သို့​ပြု​လျှင်​သင်​တို့​သည်​အ​သက်​ရှင်​ခွင့် ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင်၊ ဒါ​ဝိဒ်​အား​က​တိ​ထား​ခဲ့​သည့်​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​သင်​တို့​အား​ချ​ပေး​မည်။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​ကို​တန်​ခိုး​နှင့်​ပြည့်​ဝ​စေ​တော်​မူ​ပြီ။ ဆင်း​ရဲ​သူ​တို့​အ​တွက်​သ​တင်း​ကောင်း​ကို ယူ​ဆောင်​ကာ၊စိတ်​နှ​လုံး​ကြေ​ကွဲ​သူ​တို့​၏ အ​နာ ရော​ဂါ​ကို​ပျောက်​ကင်း​စေ​၍၊ ပြည်​နှင်​ဒဏ်​ခံ​ရ​သူ​များ​နှင့်​အ​ချုပ်​အ​နှောင်​ခံ​ရ သူ​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ကို​ကြေ​ညာ​ရန်၊ ကိုယ်​တော်​သည်​ငါ့​ကို​ရွေး​ချယ်​စေ​လွှတ်​တော် မူ​လေ​ပြီ။

နောက်​တစ်​ဖန်​သင်္ချိုင်း​တွင်​မ​ပုပ်​ပျက်​ဘဲ​သေ​ခြင်း မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​နှင့်​ပတ် သက်​၍​ဘု​ရား​သ​ခင်​က၊ `ဒါ​ဝိဒ်​အား​ကောင်း​ချီး​ပေး​ရန်​က​တိ​ပြု​ခဲ့​သည့် နည်း​တူ၊ သင်​တို့​အား​လည်း​ယုံ​ကြည်​စိတ်​ချ​ရ​သည့် မြတ်​သော​ကောင်း​ချီး​ပေး​ရန်​ငါ​ပေး​မည်' ဟူ​၍​မိန့်​တော်​မူ​သည်။ အ​ခြား​ဆာ​လံ​တွင်၊ `ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​စောင့်​သည့် အ​စေ​ခံ​ကို သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်' ဟု​ပါ​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ