Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 6:4

Common Language Bible

ထို​နောက်​မင်း​ကြီး​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော် ဒါ​ဝိဒ်​အား​ငါ​သည် ငါ​၏​လူ​မျိုး​တော်​အား​ပေး အပ်​ခဲ့​သည့်​က​တိ​တော်​ကို​တည်​မြဲ​စေ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မင်း​ကြီး​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပြု​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို​တည် မြဲ​စေ​တော်​မူ​ပြီ။-

သူ​သည်​ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​၏ မင်း​ဆက်​ကို​ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-

ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​ရှိ​လူ​စု​တစ်​ရပ်​လုံး​၏​ရှေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​တော် မူ​၏။ မင်းကြီး​က``ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး ယာ​ကုပ်​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ် တော်​ရှင်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​မင်္ဂလာ​ရှိ​တော် မူ​ပါ​စေ​သ​တည်း။-

ထို​နောက်​ဒါ​ဝိဒ်​သည်​လူ​တို့​အား``သင်​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို အ​ခါ​လူ​ထု​တစ်​ရပ်​လုံး​သည် မိ​မိ​တို့​၏ ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​ကုန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​နှင့်​မိ​မိ​တို့​၏​ဘုရင့်​ရှေ့​တော် တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ကုန်​၏။

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား ပေး​ခဲ့​သည့်​က​တိ​တော်​ကို​တည်​စေ​တော် မူ​ပါ​ပြီ။ ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သ​မျှ အ​တိုင်း​ယ​နေ့​အ​ကောင်​အ​ထည်​ပေါ်​ပါ​ပြီ။-

အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် ၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​က​တိ​ထား​တော်​မူ သ​မျှ​တို့​ကို​ယ​ခု​ဖြစ်​ပွား​စေ​တော်​မူ​ပါ။''

ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထို​နေ​ရာ တွင်​ရပ်​လျက်​နေ​ကြ​၏။ မင်း​ကြီး​သည်​သူ​တို့ ဘက်​သို့​မျက်​နှာ​မူ​ပြီး​လျှင် သူ​တို့​အား​ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​ရန်​တောင်း​လျှောက်​တော် မူ​၏။-

`သူ​တို့​ကို​အီ​ဂျစ်​ပြည်​က​ထုတ်​ဆောင်​ခဲ့​ချိန် မှ​အ​စ​ပြု​၍​ယ​နေ့​တိုင်​အောင် ငါ​သည်​အ​ဘယ် ဣ​သ​ရေ​လ​မြို့​ကို​မျှ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​သတ်​မှတ်​ခဲ့​ဖူး သည်​မ​ရှိ။ အ​ဘယ်​သူ​ကို​မျှ​လည်း​ငါ​၏​လူ မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခေါင်း​ဆောင်​ရန်​မ​ရွေး​မ​ချယ်​ခဲ့။-

ဧ​ဇ​ရ​က``ကြီး​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​ဆို​၏။ ပ​ရိတ်​သတ်​တို့​သည်​လက်​အုပ်​ချီ​လျက်``အာ​မင်၊ အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ဒူး​ထောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ လေ​သည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ် အ​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ အာ​မင်၊ အာ​မင်။

ဘု​ရား​သ​ခင်​အား​သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ သီ​ချင်း​ဆို​ကြ​လော့။ မိုး​တိမ်​ကို​စီး​တော်​မူ​သော​အ​ရှင်​၏​အ​တွက် လမ်း​ခ​ရီး​ကို​ပြင်​ဆင်​ကြ​လော့။ ထို​အ​ရှင်​၏​နာ​မ​တော်​ကား​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။ ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ဝမ်း​မြောက်​ကြ​လော့။

ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''

ငါ​တို့​သ​ခင်​ယေ​ရှု​၏​ခ​မည်း​တော်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ကုန် စို့။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကောင်း​ကင်​လော​က​ဆိုင်​ရာ​ဝိ​ညာဉ်​ကောင်း ချီး​မင်္ဂ​လာ​အ​ပေါင်း​ကို ခ​ရစ်​တော်​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သူ​ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော​ကြောင့်​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ