Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 6:26

Common Language Bible

``ကိုယ်​တော်​အား​လူ​မျိုး​တော်​ပြစ်​မှား​သည့် အ​တွက် မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ​သူ​တို့ သည်​နောင်​တ​ရ​၍ ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ မူ​ကာ​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ပါ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ လူ​မျိုး​တော်​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​နှင့်​သူ​တို့ ၏​ဘိုး​ဘေး​များ​အား​အ​ပိုင်​ပေး​သ​နား တော်​မူ​သည့်​ပြည်​တော်​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​ပါ။''

ငါ​သည်​မိုး​ကို​ခေါင်​စေ​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ကောက်​ပဲ​သီး​နှံ​များ​ကို​ကိုက်​ဖျက်​ရန်​ကျိုင်း ကောင်​များ​ကို​စေ​လွှတ်​သည့်​အ​ခါ​၌​ဖြစ်​စေ၊ ငါ​ပိုင်​ဆိုင်​သူ​များ​ဟု​ခေါ်​ဆို​သ​မုတ်​အပ် သည့်​ငါ​၏​လူ​မျိုး​တော်​အား​ကာ​လ​နာ သင့်​စေ​သော​အ​ခါ​၌​ဖြစ်​စေ၊-

မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။

ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။

``အ​ချင်း​လူ​သား၊ အ​ကယ်​၍​တိုင်း​နိုင်​ငံ​တစ် ခု​သည် အ​ပြစ်​ကူး​လွန်​၍​ငါ့​အား​သစ္စာ​ဖောက် ခဲ့​သော် ငါ​သည်​လက်​တော်​ကို​ဆန့်​တန်း​၍​ထို နိုင်​ငံ​သို့​ရိက္ခာ​ကို​ဖြတ်​တောက်​မည်။ အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သက်​ရောက်​စေ​၍ လူ​နှင့်​တိ​ရစ္ဆာန်​ကို​ပါ​သုတ်​သင်​ပစ်​မည်။-

``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​အ​ပြစ် ကို​သိ​၍ ငါ့​ထံ​သို့​ပြန်​လာ​မည့်​အ​ချိန်​ရောက် သည်​အ​ထိ​ငါ​သည်​သူ​တို့​ကို​စွန့်​ပစ်​ထား မည်။ သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​စဉ် ငါ့​အား​ကြိုး​စား​၍​ရှာ​ကြ​လိမ့်​မည်။''

သင်​တို့​၏​မာန်​စွယ်​ကို​ငါ​ချိုး​မည်။ သင်​တို့ ပြည်​တွင်​မိုး​မ​ရွာ​သ​ဖြင့် မြေ​ကြီး​သည် ခြောက်​သွေ့​၍​သံ​ကဲ့​သို့​မာ​ကြော​လိမ့်​မည်။-

ဧ​လိ​ယ​လက်​ထက်​၌​ဣသ​ရေ​လ​နိုင်​ငံ​တွင် သုံး နှစ်​နှင့်​ခြောက်​လ​ပတ်​လုံး​မိုး​ခေါင်​၍​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ခဲ့​၏။-

အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​အ​မျက် ထွက်​၍ မိုး​ကို​မ​ရွာ​စေ​သ​ဖြင့်​လယ်​မြေ​များ ခြောက်​သွေ့​၍ အ​သီး​အ​နှံ​များ​မ​ဖြစ်​ထွန်း နိုင်​ရှိ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​သော​ပြည်​သည်​ကောင်း​မွန်​သော် လည်း သင်​တို့​သည်​မ​ကြာ​မီ​သေ​ကြေ​ပျက်​စီး ကြ​လိမ့်​မည်။''

မိုး​မ​ရွာ​သ​ဖြင့်​သင်​တို့​၏​မြေ​သည်​သံ ကဲ့​သို့​မာ​ကျော​လာ​လိမ့်​မည်။-

ထို​သူ​တို့​မှာ​ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော သည့်​အ​ချိန်​ကာ​လ​အ​တွင်း မိုး​မ​ရွာ​စေ​ရန် မိုး​ကောင်း​ကင်​ကို​ပိတ်​နိုင်​သော​တန်​ခိုး​ရှိ​၏။ ရေ​ကို​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင် သော​တန်​ခိုး​လည်း​ရှိ​၏။ သူ​တို့​သည်​မိ​မိ တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​ကမ္ဘာ​မြေ​ကြီး ကို​ဘေး​ဒဏ်​အ​မျိုး​မျိုး​သင့်​စေ​နိုင်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ