၂ ရာချုပ် 6:24Common Language Bible``ကိုယ်တော်၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ကိုယ်တော်ကိုပြစ်မှားသည့်အတွက် ရန်သူတို့လက်တွင်အရေးရှုံးနိမ့်ရကြသဖြင့် သူတို့သည်မိမိတို့အပြစ်များမှဖြေလွှတ် ရန်အထံတော်သို့ပြန်လာ၍ဤဗိမာန်တော် သို့လာရောက်ကာစိတ်နှိမ့်ချလျက်ဆုတောင်း ပတ္ထနာပြုကြသောအခါ၊- အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှား ပါပြီ။ ကိုယ်တော်ရှင်ကိုသာလျှင်ပြစ်မှားပါပြီ။ ကိုယ်တော်ရှင်၏ရှေ့တော်၌ဒုစရိုက်ကို ပြုပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးအားကိုယ်တော်ရှင် တရားစီရင်တော်မူသည်မှာလျော်ကန်ပါ၏။ ကျွန်တော်မျိုးအားအပြစ်ဒဏ်ပေးတော်မူ သည်မှာ တရားပါ၏။
သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-