၂ ရာချုပ် 6:20Common Language Bibleဤဗိမာန်တော်ကိုနေ့ညမပြတ်စောင့်ထိန်း ကြည့်ရှုတော်မူပါ။ ဤဌာနတော်တွင်ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရကြမည်ဖြစ် ကြောင်းကိုယ်တော်မိန့်မှာတော်မူခဲ့သည်ဖြစ် ၍ ဤဗိမာန်တော်ကိုမျက်နှာမူလျက်အကျွန်ုပ် ဆုတောင်းသောအခါနားညောင်းတော်မူ ပါ။- အခန်းကိုကြည့်ပါ။ |
စစ်မက်ဘေး၊ ကူးစက်တတ်သောရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးအစရှိသော ကြီးမားသည့် အဘယ်ဘေးအန္တရာယ်မဆို ကျရောက်လာချိန်၌ သူတို့သည်ကိုယ်တော်အား ကိုးကွယ်ဝတ်ပြုရာ ဤဗိမာန်တော်ရှေ့သို့လာ ၍ရပ်လျက်ပတ္ထနာပြုသောအခါ ကိုယ်တော် သည်နားညောင်း၍သူတို့အားကယ်ဆယ် တော်မူမည်ဟုယုံကြည်ကြပါ၏။''
`သူတို့ကိုအီဂျစ်ပြည်ကထုတ်ဆောင်ခဲ့ချိန် မှအစပြု၍ယနေ့တိုင်အောင် ငါသည်အဘယ် ဣသရေလမြို့ကိုမျှငါ့အားဝတ်ပြုကိုးကွယ် ရာဌာနအဖြစ်ဖြင့်ရွေးချယ်သတ်မှတ်ခဲ့ဖူး သည်မရှိ။ အဘယ်သူကိုမျှလည်းငါ၏လူ မျိုးတော်ဣသရေလအမျိုးသားတို့အား ခေါင်းဆောင်ရန်မရွေးမချယ်ခဲ့။-
အို ထာဝရဘုရားအကျွန်ုပ်ကိုကြည့်တော် မူ၍ ကိုယ်တော်၏အစေခံဣသရေလ အမျိုးသားများအတွက် နေ့ညမပြတ် အကျွန်ုပ်တောင်းလျှောက်သောဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူပါ။ ဣသရေလ အမျိုးသားများဖြစ်သူအကျွန်ုပ်တို့သည် လည်းကောင်း၊ အပြစ်ကူးလွန်သူများဖြစ် ကြောင်းအကျွန်ုပ်၏ဘိုးဘေးတို့သည်လည်း ကောင်းဝန်ခံပါ၏။ အကျွန်ုပ်တို့သည်အပြစ် ကူးလွန်မိပါပြီ။-
မင်းကြီးဤသို့လက်မှတ်ရေးထိုးပြီး ကြောင်းကိုကြားသိသောအခါ ဒံယေလ သည်အိမ်သို့ပြန်လေ၏။ သူ၏အိမ်အထက် ခန်းတွင်ယေရုရှလင်မြို့သို့မျက်နှာမူ သည့်ပြူတင်းပေါက်များရှိ၏။ သူသည်ထို အခန်းတွင်မိမိပြုလေ့ရှိသည်အတိုင်း ပြူတင်းပေါက်များအနီးတွင် ဒူးထောက် လျက်တစ်နေ့လျှင်သုံးကြိမ်ဘုရားသခင်အားဆုတောင်းပတ္ထနာပြုလေ၏။
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-