၂ ရာချုပ် 5:5Common Language Bibleဗိမာန်တော်သို့ပင့်ဆောင်ကြ၏။ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ကိုလည်း သက်ဆိုင်ရာပစ္စည်းတန်ဆာရှိသမျှတို့နှင့် တကွဗိမာန်တော်သို့ပြောင်းရွှေ့ကြ၏။- အခန်းကိုကြည့်ပါ။ |
ယောယဒသည်ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်တို့အား ဗိမာန်တော်ဆိုင်ရာအမှု များကိုဆောင်ရွက်ရန်တာဝန်ပေးအပ်လေသည်။ သူတို့သည်ဒါဝိဒ်မင်းခွဲဝေသတ်မှတ်ပေးခဲ့ သည့် တာဝန်ဝတ္တရားများကိုဆောင်ရွက်၍ မောရှေ၏ပညတ်ကျမ်းအရမီးရှို့ရာယဇ် များကိုထာဝရဘုရားအားပူဇော်ကြ၏။ သူတို့သည်ဂီတသီဆိုတီးမှုတ်မှုများနှင့် ပွဲကျင်းပမှုများအတွက်လည်းတာဝန် ယူရကြမည်။-