Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 5:10

Common Language Bible

ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွင်း​၌​ပညတ်​တော် ကျောက်​ပြား​နှစ်​ချပ်​မှ​တစ်​ပါး​အ​ခြား​အ​ဘယ် အ​ရာ​မျှ​မ​ရှိ။ အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​ထွက်​ခွာ​လာ​ချိန်​၌ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​စဉ်​အ​ခါ​က မော​ရှေ သည်​ထို​ကျောက်​ပြား​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​တွင်​ထား​ခဲ့​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လည်း​ဗိ​မာန်​တော်​တွင်​ထား​ရှိ​ပြီး လေ​ပြီ'' ဟု​ပြည်​သူ​တို့​အား​မိန့်​တော်​မူ​၏။

သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။-

ဘု​ရား​သ​ခင်​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​မိန့်​တော်​မူ​ပြီး​သော​အ​ခါ၊ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပ​ညတ်​တော် များ​ကို​အက္ခ​ရာ​တင်​သော​ကျောက်​ပြား နှစ်​ပြား​ကို၊ သူ့​အား​ပေး​တော်​မူ​၏။

မော​ရှေ​သည်​စ​ခန်း​အ​နီး​သို့​ရောက်​ရှိ​သော အ​ခါ၊ နွား​ငယ်​ရုပ်​ကို​လည်း​ကောင်း၊ လူ​များ က​ခုန်​နေ​သည်​ကို​လည်း​ကောင်း၊ တွေ့​မြင်​ရ လျှင်၊ အ​လွန်​အ​မျက်​ထွက်​သ​ဖြင့်၊ သူ​ယူ ဆောင်​ခဲ့​သော​ကျောက်​ပြား​များ​ကို​တောင် ခြေ​ရင်း​၌​ပစ်​ချ​လိုက်​ရာ​အ​ပိုင်း​ပိုင်း​ကျိုး ကုန်​၏။-

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ပ​ထ​မ ကျောက်​ပြား​များ​နှင့်​တူ​သော​ကျောက်​ပြား နှစ်​ချပ်​ကို​ဆစ်​လော့။ သင့်​ကြောင့်​ကျိုး​သွား သော​ယ​ခင်​ကျောက်​ပြား​များ​ပေါ်​တွင် ရေး ထိုး​ခဲ့​သည့်​ကမ္ပည်း​စာ​အ​တိုင်း​ငါ​သည်​ဤ ကျောက်​ပြား​များ​ပေါ်​၌​ရေး​ထိုး​မည်။-

ထို​နောက်​သူ​သည်​ကျောက်​ပြား​ကို​သေတ္တာ တော်​ထဲ​၌​ထည့်​ထား​၏။ သေတ္တာ​တော်​ကွင်း များ​တွင်​ထမ်း​ပိုး​များ​ကို​လျှို​၍၊ သေတ္တာ တော်​အ​ဖုံး​ကို​တင်​၏။-

သိ​နာ​တောင်​ပေါ်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ပ​ဋိ​ညာဉ် ပြု​ပြီး​သည့်​အ​ပြင် ယ​ခု​တစ်​ဖန်​မော​ဘ​ပြည် ၌​မော​ရှေ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​သည်။

ထို​ဌာ​န​တော်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ရွှေ ပလ္လင်​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှိ​၏။ ထို​သေတ္တာ​တော်​အ​တွင်း​၌​မန္န​မုန့်​ထည့် ထား​သည့်​ရွှေ​အိုး၊ အ​ဖူး​အ​ညွှန့်​ထွက်​သည့်​အာ​ရုန် ၏​လှံ​တံ​နှင့်​ပ​ညတ်​တော်​များ​ရေး​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ