Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 5:1

Common Language Bible

ရှော​လ​မုန်​မင်း​သည်​ဗိ​မာန်​တော်​တည်​ဆောက် မှု​လုပ်​ငန်း​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း ဆက်​ကပ်​လှူ​ဒါန်း​ခဲ့​သော​ရွှေ၊ ငွေ​နှင့်​အ​ခြား ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန်​တော် သို​လှောင်​ခန်း​များ​တွင်​ထား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ​တွင်​အ​သုံး​ပြု​ရန်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။ ထို​နည်း တူ​မိ​မိ​နှိမ်​နင်း​ခဲ့​သော​ဧ​ဒုံ၊ မော​ဘ၊ အမ္မုန်၊ ဖိ​လိတ္တိ​နှင့် အာ​မ​လက်​ပြည်​များ​မှ​သိမ်း ယူ​ခဲ့​သည့်​ရွှေ၊ ငွေ​များ​နှင့်​ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ရ​ရှိ​သည့်​ပစ္စည်း​အချို့​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​၏။

ဟိ​ရံ​သည်​ဗိ​မာန်​တော်​တောင်​ဘက်​၌​လှည်း​ငါး​စီး၊ မြောက်​ဘက်​၌​အ​ခြား​လှည်း​ငါး​စီး​ကို​နေ​ရာ​ချ ထား​၍ ရေ​ကန်​ကို​မူ​အ​ရှေ့​တောင်​ထောင့်​၌​ထား​၏။

ဗိ​မာန်​တော်​အ​တွက်​လုပ်​ကိုင်​ရန် ရှိ​သ​မျှ​သော အ​လုပ်​တို့​ကို​လက်​စ​သတ်​ပြီး​နောက် ရှော​လ​မုန် မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော် ဒါ​ဝိဒ်​ဆက်​ကပ်​ပူ​ဇော်​ထား​ခဲ့​သည့် ရွှေ၊ ငွေ၊ နှင့် အ​ခြား​ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​ပစ္စည်း​သို လှောင်​ရာ​အ​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား တော်​မူ​၏။

ဒါ​ဝိဒ်​မင်း​သည်​ထို​ပစ္စည်း​တို့​ကို​မိ​မိ​စစ်​ပွဲ​နိုင် သည့်​ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဖိ​လိတ္တိ ပြည်​နှင့်​အာ​မ​လက်​ပြည်​ရှိ​လူ​မျိုး​တ​ကာ​တို့ ထံ​မှ​ရ​ရှိ​ခဲ့​သော​ရွှေ၊ ငွေ​များ​နှင့်​အ​တူ​ဝတ်​ပြု ကိုး​ကွယ်​ရာ​၌​အ​သုံး​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော် တော်​မူ​၏။

ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။-

မီး​ညှပ်​များ၊ လင်​ပန်း​များ၊ ခွက်​များ​နှင့်​မီး ကျီး​ခံ​များ​ဖြစ်​၏။ ထို​ပစ္စည်း​ရှိ​သ​မျှ​သည် ရွှေ​စင်​ဖြင့်​ပြီး​သ​တည်း။ ဗိ​မာန်​တော်​အ​ပြင် တံ​ခါး​များ​နှင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာန​တော် အ​ဝင်​တံ​ခါး​များ​ကို​ရွှေ​ဖြင့်​မွမ်း​မံ​ထား သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ