Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 4:20

Common Language Bible

စီ​မံ​ချက်​အ​ရ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ရှေ့​တွင်​ထွန်း​ညှိ​ထား​ရန် ရွှေ​စင်​မီး​ခွက် များ​နှင့်​မီး​တင်​ခုံ​များ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​၏​အ​ပြင်​နံ​ဘေး​နှစ်​ဘက်​နံ​ရံ​များ နှင့်​ကျော​ဘက်​နံ​ရံ​တွင်​ကပ်​၍ အ​ခန်း​ငယ်​များ ကို​ဆောက်​လုပ်​ထား​လေ​သည်။ ထို​အ​ခန်း​ငယ် များ​မှာ​အ​ထပ်​သုံး​ထပ်​ရှိ​၍​တစ်​ထပ်​လျှင် ခု​နစ်​ပေ​ခွဲ​စီ​မြင့်​၏။-

ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ ခေ​ရု​ဗိမ် တို့​၏​အ​တောင်​များ​အောက်​တွင်​ထား​ကြ​၏။-

သူ​တို့​သည်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ နံ့​သာ​ပေါင်း နှင့်​တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည့်​စား​ပွဲ​ပေါ်​တွင်​ရှေ့​တော်​မုန့်​ကို ပူ​ဇော်​ကြ​၏။ ည​နေ​တိုင်း​ရွှေ​မီး​တင်​ခုံ​များ​ပေါ် ရှိ​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ကြ​၏။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​လိုက်​နာ ကြ​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို​စွန့်​ပယ် ကြ​လေ​ပြီ။-

တန်​ဆာ​ဆင်​ရန်​ပန်း​ပွင့်​များ၊ မီး​ခွက်​များ နှင့်​မီး​ကိုင်​တန်​ဆာ​များ၊-

သူ​တို့​သည်​ပြ​ဋ္ဌာန်း​သတ်​မှတ်​ထား​သည့်​ပုံ​စံ နှင့်​အ​ညီ​ရွှေ​မီး​တင်​ခုံ​ဆယ်​ခု​နှင့်​စား​ပွဲ​ဆယ် လုံး​ကို​ပြု​လုပ်​၍ ဗိ​မာန်​တော်​ခန်း​မ​ဆောင်​တွင် လက်​ယာ​ဘက်​၌​ငါး​လုံး၊ လက်​ဝဲ​ဘက်​၌​ငါး လုံး​ထား​ကြ​၏။ ရွှေ​ဖ​လား​တစ်​ရာ​ကို​လည်း ပြု​လုပ်​ကြ​၏။

ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် လာ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ၌​ခေ​ရု​ဗိမ်​များ​၏​အ​ကြား​တွင်​ထား​ကြ​၏။-

ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​သို့ လက်​အုပ်​ချီ​လျက်``ကူ​မ​တော်​မူ​ပါ'' ဟု ကျွန်​တော်​မျိုး​ဟစ်​အော်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ