၂ ရာချုပ် 4:1Common Language Bibleရှောလမုန်မင်းသည်အလျားပေသုံးဆယ်၊ အမြင့်တစ်ဆယ့်ငါးပေရှိသောကြေးဝါ ယဇ်ပလ္လင်ကိုပြုလုပ်စေတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ထိုနေ့၌ပင်မင်းကြီးသည်ဗိမာန်တော်ရှေ့၌ ရှိသော အလယ်တံတိုင်းကိုလည်းအနုမောဒနာ ပြုတော်မူ၏။ သူသည်ထိုနေရာ၌တစ်ကောင်လုံး မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သကာကိုလည်း ကောင်း၊ မိတ်သဟာယယဇ်အတွက်ဆီဥကို လည်းကောင်းပူဇော်လေသည်။ ထိုသို့ပြုရခြင်း မှာဗိမာန်တော်တံတိုင်းအတွင်းရှိ ကြေးဝါ ယဇ်ပလ္လင်သည်ထိုပူဇော်သကာအပေါင်းတို့ အတွက်အလွန်သေးငယ်၍နေသောကြောင့် တည်း။
ရှောလမုန်သည်ထာဝရဘုရားအတွက် မိမိ တည်ဆောက်ထားသည့်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုတစ် နှစ်လျှင်သုံးကြိမ်ပူဇော်လေသည်။ ထာဝရ ဘုရားအားနံ့သာပေါင်းကိုလည်းမီးရှို့ပူ ဇော်တော်မူ၏။ သို့ဖြစ်၍သူသည်ဗိမာန် တော်တည်ဆောက်မှုကိုအပြီးသတ်တော်မူ သတည်း။
ဤသို့သြဒက်၏သားအာဇရိဆင့်ဆိုသည့် ဗျာဒိတ်တော်ကိုကြားသောအခါ အာသသည် အားတက်လာပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ် မြေများနှင့်တောင်ပေါများသောဧဖရိမ်ပြည် ရှိမြို့များမှရုပ်တုရှိသမျှကိုဖယ်ရှားတော် မူ၏။ မင်းကြီးသည်ဗိမာန်တော်တံတိုင်းအတွင်း ရှိယဇ်ပလ္လင်ကိုလည်းပြန်လည်ပြုပြင်တော်မူ၏။
ရှောလမုန်သည်ဗိမာန်တော်ရှေ့၌ရှိသောအလယ် တံတိုင်းကိုဆက်ကပ်ပြီးနောက် ထိုနေရာ၌တစ် ကောင်လုံးမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယယဇ်မှဆီဥတို့ကိုပူဇော်တော် မူ၏။ ဤသို့ပြုတော်မူရခြင်းမှာမင်းကြီး တည်ဆောက်ထားသည့်ကြေးဝါယဇ်ပလ္လင်သည် ထိုပူဇော်သကာအားလုံးတို့အတွက်အလွန် သေးငယ်သောကြောင့်ဖြစ်လေသည်။