ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံ ရလေသည်။ သူသည်လည်းထာဝရဘုရား ကိုပြစ်မှား၏။-
ထာဝရဘုရားသည် ယောယကိမ်၏သားယုဒ ဘုရင်ယေခေါနိအား``အကယ်၍သင်သည်ငါ ၏လက်ယာလက်တွင်ရှိသောတံဆိပ်လက်စွပ်ပင် ဖြစ်စေကာမူ ငါသည်အသက်ရှင်တော်မူသော ဘုရားဖြစ်သည်နှင့်အညီသင့်ကိုဆွဲချ၍၊-
ငါသည်ယေခေါနိမင်း၊ ထိုမင်း၏မယ်တော်၊ နန်းတွင်းအရာရှိများ၊ ယုဒပြည်နှင့်ယေရု ရှလင်မြို့မှခေါင်းဆောင်များ၊ အတတ်ပညာ သည်များနှင့်လုပ်ရည်ကိုင်ရည်ရှိသူအလုပ် သမားများသိမ်းသွားခြင်းကိုခံရသည့် နောက် ထိုစာကိုရေးသားလေသည်။-
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယောယ ကိမ်သားယေခေါနိမင်းအစား ယောရှိ၏သား ဇေဒကိအားယုဒဘုရင်အဖြစ်ခန့်ထား သော်လည်း၊-
သူသည်အရွယ်ရောက်၍သန်စွမ်းသောအခါ၊ အခြားခြင်္သေ့များနှင့်အတူအစာရှာရန် လှည့်လည်လျက်၊ သားကောင်ဖမ်းသည့်အတတ်ကိုသင်ယူ ကာ လူသားစားခြင်္သေ့ဖြစ်လာ၏။