Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 35:2

Common Language Bible

မင်း​ကြီး​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ဗိ​မာန် တော်​တွင်​ထမ်း​ဆောင်​ရ​မည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​သတ်​မှတ်​ပေး​ပြီး​လျှင် ယင်း​တို့​ကို ကျေ​ပွန်​စွာ​ထမ်း​ဆောင်​ကြ​ရန်​အား​ပေး တိုက်​တွန်း​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​ရော​ကိုယ်​ပါ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော်​ကို​စ​တင် တည်​ဆောက်​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​အ​မွန်​အ​မြတ်​ထား​သည့်​အ​ခြား ဝတ္ထု​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​နိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ယော​ယ​ဒ​သည်​ယဇ်ပု​ရော​ဟိတ်​များ​နှင့် လေဝိ အ​နွယ်​ဝင်​တို့​အား ဗိ​မာန်​တော်​ဆိုင်​ရာ​အ​မှု များ​ကို​ဆောင်​ရွက်​ရန်​တာ​ဝန်​ပေး​အပ်​လေ​သည်။ သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့ သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​၍ မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​မီး​ရှို့​ရာ​ယဇ် များ​ကို​ထာ​ဝရ​ဘု​ရား​အား​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​နှင့် ပွဲ​ကျင်း​ပ​မှု​များ​အ​တွက်​လည်း​တာ​ဝန် ယူ​ရ​ကြ​မည်။-

လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ယု​ဒ​ပြည်​သူ အ​ပေါင်း​တို့​သည် ယော​ယ​ဒ​၏​အ​မိန့်​ကို နာ​ခံ​ကြ​လေ​သည်။ ဥ​ပုသ်​နေ့​၌​သူ​တို့​သည် မိ​မိ​တို့​တာ​ဝန်​ချိန်​ကုန်​ဆုံး​သွား​သော်​လည်း အိမ်​သို့​မ​ပြန်​ရ​ကြ။ သို့​ဖြစ်​၍​တာ​ဝန်​မှူး တို့​သည်​တာ​ဝန်​ကျ​သူ​များ​နှင့် တာ​ဝန် ပြီး​ဆုံး​သူ​များ​ကို​ပါ​ခေါ်​ယူ​စေ​ခိုင်း နိုင်​ကြ​၏။-

ဟေ​ဇ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ အနွယ်​ဝင်​အ​ဖွဲ့​ကို​ပြန်​လည်​ဖွဲ့​စည်း​တော်​မူ​၍ သူ​တို့​အ​သီး​သီး​အ​တွက်​တိ​ကျ​သော​တာ​ဝန် ဝတ္တ​ရား​များ​ကို​သတ်​မှတ်​ပေး​တော်​မူ​၏။ ထို တာ​ဝန်​ဝတ္တ​ရား​များ​တွင်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​ပူ​ဇော်​ခြင်း၊ ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ခြင်း၊ ဗိ​မာန်​တော်​ဌာ​န အ​သီး​သီး​တွင်​ဂုဏ်​တော်​နှင့်​ကျေး​ဇူး တော်​ချီး​မွမ်း​ခြင်း​တို့​ပါ​ဝင်​လေ​သည်။-

သူ​တို့​သည်​မော​ရှေ​၏​ကျမ်း​တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လှည့်​ကျ​ခွဲ​ထား​သော​တာ​ဝန်​ကို​ပေး​အပ်​ကြ​လေ​သည်။

ထို​သား​ငယ်​၏​အစ်​မ​သည်​မ​လှမ်း​မ​ကမ်း​နေ ရာ​မှ က​လေး​၏​အ​ရိပ်​အ​ခြေ​ကို​စောင့်​ကြည့် နေ​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ