၂ ရာချုပ် 34:7Common Language Bibleမြောက်ဘက်နိုင်ငံတစ်လျှောက်လုံး၌ယဇ်ပလ္လင် များနှင့်တံခွန်တိုင်များကိုဖြိုဖျက်တော် မူ၏။ ရုပ်တုများကိုညက်ညက်ချေ၍နံ့သာ ပေါင်းမီးရှို့ရာယဇ်များကိုလည်းအပိုင်း ပိုင်းချိုးဖဲ့ပြီးမှယေရုရှလင်မြို့သို့ပြန် တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူသည်ဣသရေလအမျိုးသားတို့အားအပြစ် ကူးလွန်ရန် ရှေ့ဆောင်လမ်းပြသူ၊ နေဗတ်၏သား ယေရောဗောင်မင်းတည်ဆောက်ခဲ့သည့်ဗေသလ ဝတ်ပြုကိုးကွယ်ရာဌာနကိုလည်းဖြိုဖျက်လေ သည်။ ယောရှိသည်ယဇ်ပလ္လင်ကိုဖြိုချပြီးလျှင် အာရှရဘုရားမအားဆက်ကပ်ထားသော တံခွန်တိုင်ကိုမီးရှို့၏။-
ယောရှိမင်းသည်ဣသရေလပြည်အမြို့မြို့ အရွာရွာရှိ ရုပ်တုကိုးကွယ်ရာဌာနများကို ဖြိုဖျက်တော်မူ၏။ ထိုဌာနများကိုတည်ဆောက် ခြင်းအားဖြင့် ဣသရေလဘုရင်တို့သည်ထာဝရ ဘုရား၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြ သတည်း။ ယောရှိသည်ဗေသလမြို့တွင်ပြု တော်မူသကဲ့သို့ ထိုယဇ်ပလ္လင်အပေါင်းတို့ ကိုလည်းပြုတော်မူ၏။-
ပွဲတော်ပြီးဆုံးသွားသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည်ယုဒမြို့ရှိသမျှ သို့သွားလျက် ကျောက်တိုင်များကိုဖြိုဖျက်၍ အာရှရဘုရားမ၏တံခွန်တိုင်များကိုခုတ် လှဲကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းဖြိုဖျက်ကြ၏။ သူတို့ သည်ယုဒနယ်မြေ၊ ဗင်္ယာမိန်နယ်မြေနှင့်မနာရှေ နယ်မြေတို့တွင်လည်းဤနည်းအတိုင်းပြုလုပ် ကြပြီးလျှင်မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြ၏။
ရုပ်တုရှိသမျှကိုကျိုးပဲ့ကြေမွစေမည်။ ရုပ်တုတို့အားပူဇော်သောလက်ဆောင်ပစ္စည်း ရှိသမျှကိုမီးရှို့ဖျက်ဆီးမည်။ ရုပ်တုရှိ သမျှကိုအမှိုက်ပုံဖြစ်စေမည်။ ရှမာရိ မြို့သည်ဤအရာများကိုရုပ်တုကိုးကွယ် မှုဖြင့်စုဆောင်းရရှိ၏။ ဘုရားကျောင်း ပြည့်တန်ဆာလုပ်ငန်းနှင့် ရန်သူများသည် ယင်းတို့ကိုကိုးကွယ်ရန်သိမ်းယူသွား ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။