၂ ရာချုပ် 34:15Common Language Bibleသို့ဖြစ်၍ယင်းသို့တွေ့ရှိသည့်အကြောင်းကို ရှာဖန်အား ပြောပြပြီးလျှင်ထိုကျမ်းကိုပေး အပ်လိုက်၏။- အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ မှစ၍ဆင်းရဲသူချမ်းသာသူအပါအဝင် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့် အတူဗိမာန်တော်သို့ကြွတော်မူ၏။ မင်းကြီး သည်ထိုသူအပေါင်းတို့အားဗိမာန်တော်ထဲ ၌တွေ့ရှိရသောပဋိညာဉ်ကျမ်းစောင်ကို အစအဆုံးဖတ်ပြတော်မူ၏။-
သတ္တမလရောက်ချိန်၌ဣသရေလအမျိုး သားတို့သည် မိမိတို့မြို့ရွာများတွင်အတည် တကျနေထိုင်လျက်ရှိကြ၏။ ထိုလပထမ ရက်နေ့၌သူတို့သည်ယေရုရှလင်မြို့ရေ တံခါးအတွင်းကွက်လပ်တွင်စုဝေးကြ၏။ သူတို့သည်ဣသရေလအမျိုးသားတို့အား မောရှေမှတစ်ဆင့် ထာဝရဘုရားပေးအပ် တော်မူခဲ့သောပညတ်တရားတော်ကို ကျွမ်းကျင်သူ ယဇ်ပုရောဟိတ်ဧဇရအား ပညတ်ကျမ်းကိုဆောင်ခဲ့ရန်တောင်းပန် ကြ၏။-