Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 33:8

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​၏ အမိန့်​တော်​ရှိ​သ​မျှ​ကို​လိုက်​နာ​၍ မော​ရှေ ပေး​အပ်​သည့်​ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ကြ​လျှင် ငါ​သည်​သူ​တို့​ကို​ဘိုး​ဘေး​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တော်​မှ​နှင် ထုတ်​တော်​မူ​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​နေ​ရာ​အ​ရပ်​ကို​ရွေး​ချယ်​၍ နောက် တစ်​ဖန်​ညှင်း​ဆဲ​ခြင်း​ကို​မ​ခံ​ရ​တော့​ဘဲ အ​တည်​တ​ကျ​နေ​ထိုင်​စေ​ပြီ။ ဤ​ပြည် သို့​ဝင်​ရောက်​လာ​ချိန်​မှ​အ​စ​ပြု​၍ သူ​တို့ သည်​အ​ကြမ်း​ဖက်​သူ​လူ​စု​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ခဲ့​ရ​ကြ​သော်​လည်း​နောက်​တစ်​ဖန် ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ သင့်​အား​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​လုံ​ခြုံ​စေ​၍ သား မြေး​များ​ဖြစ်​ထွန်း​စေ​မည်​ဖြစ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။-

ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နေ​ထိုင်​ရန်​အ​ရပ်​ကို​ရွေး​ချယ်​၍ သူ တို့​အား​နေ​ရာ​ချထား​ပေး​ခဲ့​၏။ သူ​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ​ဖိ​စီး​နှိပ်​စက်​မှု​ကို​ခံ​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ပြည်​သို့​ဝင်​ရောက်​လာ ချိန်​မှ​အ​စ​ပြု​၍​အ​ကြမ်း​ဖက်​သ​မား​တို့​၏ တိုက်​ခိုက်​မှု​ကို​ခံ​ခဲ့​ရ​သော်​လည်း နောင်​အ​ဘယ် အ​ခါ​၌​မျှ​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ ငါ သည်​သင်​၏​ရန်​သူ​အ​ပေါင်း​ကို​နှိမ်​နင်း​မည်၊ သင်​၏​အ​မျိုး​အ​နွယ်​ကို​လည်း​တည်​မြဲ​စေ မည်​ဟူ​၍​က​တိ​ပြု​၏။-

မ​နာ​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ချီ​တက်​စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​လိုက်​သည့်​လူ​မျိုး​တို့​ထက်​ပို​၍​ပြစ်​မှား စေ​ရန် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရှေ့ ဆောင်​လမ်း​ပြ​၏။

ဤ​သို့​ပြု​ပြင်​ပြောင်း​လဲ​ပါ​မူ​ငါ​သည်​သင် တို့​ဘိုး​ဘေး​များ​အား အ​ပိုင်​ပေး​အပ်​ခဲ့ သည့်​ပြည်​တော်​တွင်​သင်​တို့​ကို​ဆက်​လက် ၍​ထာ​ဝ​ရ​နေ​ထိုင်​ခွင့်​ပြု​တော်​မူ​မည်။

မော​ရှေ​အား​ဖြင့်​ငါ​ပေး​သော​ပညတ်​ရှိ​သ​မျှ တို့​ကို သင်​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​သွန်​သင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

သို့​ဖြစ်​၍​အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​ချက်​တို့​ကို​ဆောင်​ရွက်​ကြ​လေ သည်။

ထို​သူ​နှစ်​ဦး​လုံး​ပင်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​သူ​ကောင်း​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​ရှိ​သ​မျှ​နှင့်​ညွှန်​ကြား​တော်​မူ ချက်​များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​၏။-

`` `ဘု​ရား​သ​ခင်​၏​ပ​ညတ်​များ​နှင့်​သွန်​သင် ချက်​ရှိ​သ​မျှ​တို့​ကို​မ​လိုက်​နာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။

ယ​နေ့​သင်​တို့​အား​ငါ​ပေး​သော​ပညတ်​တော် အား​လုံး​ကို​စောင့်​ထိန်း​ကြ​လျှင် သင်​တို့​နှင့် တ​ကွ​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် ကြီး​ပွား​ချမ်း​သာ​ကြ​လိမ့်​မည်။ သင်​တို့​သည် လည်း​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​အား​အ​မြဲ​ပိုင်​ရန်​ပေး​တော်​မူ​သော​ပြည် တွင်​ဆက်​လက်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု ဆို​လေ​၏။

မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​၍ သူ​တို့​အား​ဤ​သို့​ပြော​ကြား လေ​သည်။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား ငါ​ပြ​ဋ္ဌာန်း​ပေး​မည့်​ပညတ်​တော် အား​လုံး​ကို​နား​ထောင်​ကြ​လော့။ ထို​ပညတ် တော်​များ​ကို​နာ​ယူ​လိုက်​နာ​ရန်​သ​တိ​ပြု ကြ​လော့။-

သင်​ကိုယ်​တိုင်​မူ​ကား​ငါ​နှင့်​အ​တူ​နေ​ရစ်​လော့။ ငါ​ပေး​မည့်​ပြည်​တွင်​သူ​တို့​လိုက်​နာ​စောင့်​ထိန်း ရန် ပ​ညတ်​တော်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ ကို​သင့်​အား​ငါ​ဆင့်​ဆို​မည်။ ထို​ပညတ်​တော် များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို​သူ​တို့​အား သွန်​သင်​လော့' ဟု မိန့်​တော်​မူ​၏။-

``သင်​တို့​သည်​အ​သက်​ရှင်​၍​တိုး​ပွား​များ​ပြား လျက် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား က​တိ​ထား​တော်​မူ​သော​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​နိုင်​ခြင်း​အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ် ရှိ​သ​မျှ​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ