Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 33:4

Common Language Bible

ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ရာ ဗိ​မာန်​တော်​တွင်​ရုပ်​တု​များ​ကို​ပူ​ဇော်​ရန် ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ငါ​၏​အ​တွက်​ဗိမာန်​တော်​ကို​တည် ဆောက်​ရ​မည်။ ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-

ကိုယ်​တော်​အား​ဝတ်​ပြုကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​နေ့ ည​မ​ပြတ်​စောင့်​ထိန်း​ကြည့်​ရှု​တော်​မူ​ပါ။ ဤ ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​တောင်း လျှောက်​သော​အ​ခါ​နား​ညောင်း​တော်​မူ​ပါ။-

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​ပြီ။ သင်​ဆောက်​လုပ်​သည့် ဤ​ဗိ​မာန်​တော်​ကို​ငါ့​အား​ထာ​ဝ​စဉ်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​တော်​အ​ဖြစ်​ငါ​သီး​သန့်​၍ ထား​၏။ ဤ​ဗိ​မာန်​တော်​ကို​အ​ခါ​ခပ်​သိမ်း ငါ​ကြည့်​ရှု​စောင့်​ရှောက်​မည်။-

သို့​ဖြစ်​၍​ဥ​ရိ​ယ​သည်​ထို​ပုံ​စံ​အ​တိုင်း တိ​ကျ စွာ​ယဇ်​ပလ္လင်​တစ်​ခု​ကို​အာ​ခတ်​မင်း​ပြန်​၍ မ​ရောက်​မီ အ​ပြီး​ဆောက်​လုပ်​ထား​လေ​သည်။-

ဥ​ရိ​ယ​သည်​ပြု​လေ​၏။

ထို့​အ​ပြင်​အာ​ခတ်​သည်​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​ရှိ​သ​မျှ​ကို​ယူ​၍ အ​ပိုင်း​ပိုင်း​ချိုး​ဖဲ့ ၏။ ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​လည်း​ပိတ်​ထား လိုက်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့​၌​အ​နှံ့ အ​ပြား​ယဇ်​ပလ္လင်​များ​ကို​တည်​လေ​သည်။-

သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ဘု​ရား​သ​ခင်​ကို​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​ရုပ်​တု များ​ဖြစ်​သည့်​အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား များ​နှင့်​တန်း​တူ​ထား​၍​ပြော​ဆို​ကြ​၏။

သူ​သည်​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​နှင့်​မိ​မိ ထား​ရှိ​ခဲ့​သည့်​ရုပ်​တု​ကို​ဗိ​မာန်​တော်​ထဲ​မှ လည်း​ကောင်း၊ ရုပ်​တု​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ ကို​ဗိ​မာန်​တော်​တည်​ရာ​တောင်​ကုန်း​နှင့်​ယေ​ရု ရှ​လင်​မြို့​ရှိ​အ​ခြား​အ​ရပ်​များ​မှ​လည်း ကောင်း​ဖယ်​ရှား​တော်​မူ​၏။ မင်း​ကြီး​သည် ထို​အ​ရာ​အ​ပေါင်း​ကို​မြို့​ပြင်​သို့​ထုတ်​ပစ် ပြီး​လျှင်၊-

သူ​သည်​ရုပ်​တု​တစ်​ခု​ကို​ဗိ​မာန်​တော်​တွင်​ထား ၏။ ထို​ဗိ​မာန်​တော်​နှင့်​ပတ်​သက်​၍​ထာ​ဝရ​ဘုရား က​ဒါ​ဝိဒ်​နှင့်​သား​တော်​ရှော​လ​မုန်​အား``ဣ​သ ရေ​လ​အ​နွယ်​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​နယ်​မြေ ရှိ​သ​မျှ​အ​နက် ငါ​ရွေး​ချယ်​တော်​မူ​သော ယေ​ရု​ရှ​လင်​မြို့​ရှိ​ဤ​ဗိ​မာန်​တော်​၌ ငါ့​ကို အ​စဉ်​အ​မြဲ​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ​မည်။-

သူ​တို့​သည်​ထို​ငွေ​ဖြင့်​လက်​သ​မား​နှင့် ဗိ​သု​ကာ​တို့​လက်​သို့​ပေး​အပ်​ရာ​သူ​တို့ က​တစ်​ဖန်​ယု​ဒ​ဘု​ရင်​များ​လျစ်​လူ​ရှု သ​ဖြင့် ယို​ယွင်း​ပျက်​စီး​လျက်​နေ​သော အ​ဆောက်​အ​အုံ​များ​ကို​ပြင်​ဆင်​ရန် ကျောက်​များ​နှင့်​သစ်​သား​များ​ဝယ်​ယူ ကြ​လေ​သည်။-

`သူ​တို့​ကို​အီ​ဂျစ်​ပြည်​က​ထုတ်​ဆောင်​ခဲ့​ချိန် မှ​အ​စ​ပြု​၍​ယ​နေ့​တိုင်​အောင် ငါ​သည်​အ​ဘယ် ဣ​သ​ရေ​လ​မြို့​ကို​မျှ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​သတ်​မှတ်​ခဲ့​ဖူး သည်​မ​ရှိ။ အ​ဘယ်​သူ​ကို​မျှ​လည်း​ငါ​၏​လူ မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခေါင်း​ဆောင်​ရန်​မ​ရွေး​မ​ချယ်​ခဲ့။-

သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ဒါ​ဝိဒ်၊ သင့်​အား​ငါ ၏​လူ​မျိုး​တော်​ကို​အုပ်​စိုး​မည့်​သူ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ရွေး​ချယ်​ထား​လေ​ပြီ' ဟူ ၍​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။

ငါ​သည်​ဤ​ဗိ​မာန်​တော်​ကို​ရွေး​ချယ်​၍​ငါ့​အား ထာ​ဝ​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ် ဖြင့်​သီး​သန့်​စေ​ပြီ။ ငါ​သည်​ဤ​ဌာ​န​တော် ကို​စောင့်​ကြပ်​ကြည့်​ရှု​မည်။ ကာ​လ​အ​စဉ် အ​ဆက်​ကာ​ကွယ်​စောင့်​ရှောက်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သူ​တို့​သည် ဒု​စ​ရိုက်​ကို​ပြု​ကျင့်​ကြ​လေ​ပြီ။ သူ​တို့​သည် ငါ​စက်​ဆုတ်​သည့်​ရုပ်​တု​များ​ဖြင့် ငါ့​နာ​မ တော်​ကို​ဆောင်​သော​အိမ်​တော်​ထဲ​သို့​ယူ​ဆောင် လာ​၍​ညစ်​ညမ်း​စေ​လေ​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ဘု​ရား ဝတ်​ပြု​ကိုး​ကွယ်​ရန် တစ်​ခု​တည်း​သော​ဌာ​န ကို​ရွေး​ချယ်​ပေး​တော်​မူ​မည်။ ငါ​မိန့်​မှာ​သည့် အ​တိုင်း သင်​တို့​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ပူ​ဇော်​သ​ကာ များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား​သော အ​ထူး​ပူ​ဇော်​သ​ကာ​များ​စ​သည်​တို့​ကို ထို​ဌာ​န​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ