Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 33:2

Common Language Bible

မ​နာ​ရှေ​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​ချီ​တက် စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော​လူ မျိုး​တို့​၏​အ​ကျင့်​ဋ္ဌ​လေ့​များ​ကို​ယူ​၍​ကိုယ် တော်​အား​ပြစ်​မှား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​သည်​ခါ​နာန်​ပြည်​မှ​ထာ​ဝ​ရ ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက်​သည့် လူ​မျိုး​များ ၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​ယူ​ကာ ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ​ပေါ်​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အ​ကျင့်​ဆိုး​များ​ဖြင့် ထာ​ဝရ​ဘု​ရား​၏ အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​၏။-

သူ​တို့​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​တော်​တို့​ကို မ​နာ​ခံ​ကြ။ ဘိုး​ဘေး​တို့​နှင့်​ကိုယ်​တော်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​၏​သ​တိ​ပေး​ချက်​များ​ကို​လည်း ဂ​ရု​မ​စိုက်​ကြ။ သူ​တို့​သည်​အ​သုံး​မ​ကျ သည့်​အ​ရာ​များ​ကို​ကိုး​ကွယ်​သ​ဖြင့် အ​သုံး မ​ကျ​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို့​ပြင်​ပတ် ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​တု​ကို​မ​ယူ ကြ​ရန် ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို မ​လိုက်​နာ​ဘဲ ထို​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​လိုက်​လျှောက်​ကျင့်​သုံး​ကြ​လေ သည်။-

မ​နာ​ရှေ​သည်​ခါ​နာန်​ပြည်​သို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​ဋ္ဌ​လေ့ များ​ကို​ကျင့်​သုံး​၍​ကိုယ်​တော်​အား​ပြစ်​မှား ၏။-

သို့​ရာ​တွင်​ယု​ဒ​ပြည်​သူ​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ​ထောင်​ကြ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ခါ​နာန်​ပြည် သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ချီ​တက်​လာ ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​လိုက် သည့်​လူ​မျိုး​တို့​ထက်​ပင် ပို​မို​ဆိုး​ရွား​စွာ အ​ပြစ်​ကူး​လွန်​ကြ​စေ​ရန်​မ​နာ​ရှေ​ရှေ့ ဆောင်​လမ်း​ပြ​၏။

ဟိန္နုံ​ချိုင့်​ဝှမ်း​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​ဋ္ဌ​လေ့​ထုံး​စံ​တို့​ကို အ​တု​ခိုး​၍ မိ​မိ​၏​သား​တော်​များ​ကို​ပင် မီး​ရှို့​၍​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​ရုပ်​တု တို့​အား​ပူ​ဇော်​လေ​သည်။-

သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​မ​နာ​ရှေ​ကဲ့​သို့​ပင် ထာ​ဝရ​ဘု​ရား​အား​ပြစ်​မှား​၍​ခ​မည်း​တော်​ကိုး ကွယ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ပင်​ကိုး​ကွယ်​၏။-

ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​ပြည်​သူ​တို့​သည်​လည်း မိ​မိ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​ကျင့် ကို​လိုက်​၍ ရုပ်​တု​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ကာ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင်​သီး​သန့် ထား​တော်​မူ​သော​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။-

အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​တစ်​ဖန်​လျစ်​လူ​ရှု​လျက် ဤ​ယုတ်​မာ​သူ များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကြ​လျှင် ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် တစ်​ယောက်​မျှ​မ​ကျန်​အောင် သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​မည်​မ​ဟုတ် ပါ​လော။-

ယု​ဒ​ပြည်​တွင်​ဟေ​ဇ​ကိ​၏​သား​မ​နာ​ရှေ​မင်း ပြု​စဉ်​အ​ခါ​က​ယေ​ရု​ရှ​လင်​မြို့​တွင်​ပြု​ကျင့် ခဲ့​သည့်​အ​မှု​ကြောင့် ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ အ​ပေါင်း​တို့​အား​ထို​သူ​တို့​ကို​မြင်​၍​ထိတ် လန့်​တုန်​လှုပ်​စေ​မည်။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​၏​တ​ရား ဥ​ပ​ဒေ​ကို​လိုက်​နာ​၍​ငါ​၏​ပညတ်​များ၊ အ​မိန့် များ​ကို​ချိုး​ဖောက်​ကြောင်း​ကို​လည်း​ကောင်း သင် တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​ငါ့​အား​မိန့်​တော် မူ​၏။

``သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင်​နေ​ထိုင်​သော လူ​မျိုး​များ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သင်​တို့ သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နေ​ထိုင်​ရ​ကြ​လိမ့် မည်။-

သူ​တို့​၏​ဘု​ရား​ဝတ်​ပြု​နည်း​ကို​အ​တု​မ​ယူ ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​များ ကို​ဝတ်​ပြု​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​မုန်း​တီး​ရွံ ရှာ​တော်​မူ​သော​အ​မှု​များ​ကို​ပြု​လုပ်​ကြ သော​ကြောင့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​သည့်​အ​ခါ သူ​တို့​ကဲ့​သို့ ဝတ်​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​သား​သ​မီး​များ​ကို​ပင်​ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ပူ​ဇော်​ကြ​၏။-

ထို့​နောက်​မော​ရှေ​က``သင်​တို့​သိမ်း​ယူ​မည့်​ပြည် တွင်​နေ​ထိုင်​သူ​တို့​သည်​မှော်​ဆ​ရာ၊ ဗေ​ဒင် ဆ​ရာ​တို့​ထံ​မှ​အ​ကြံ​ဉာဏ်​တောင်း​ခံ​လေ့ ရှိ​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​တောင်း​ခံ​ခြင်း ကို​သင်​တို့​အား​ခွင့်​ပြု​တော်​မ​မူ။-

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်​သို့​ရောက်​ရှိ​ကြ သော​အ​ခါ သင်​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင် သည့် လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​သော​အ​လေ့ အ​ကျင့်​များ​ကို​မ​ကျင့်​ကြ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ