၂ ရာချုပ် 33:18Common Language Bibleမနာရှေဆောင်ရွက်ခဲ့သောအခြားအမှု အရာရှိသမျှကိုလည်းကောင်း၊ ဘုရားသခင် ထံတော်သို့တင်လျှောက်သည့်ဆုတောင်းပတ္ထ နာနှင့် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အားဖြင့် ပရောဖက်တို့သူ့အားပြန်ကြားသောဗျာ ဒိတ်စကားများကိုလည်းကောင်းဣသရေလ ရာဇဝင်တွင်ရေးထား၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
မင်းကြီး၏ဆုတောင်းပတ္ထနာနှင့်ထာဝရဘုရား နားညောင်းတော်မူပုံ၊ သူကူးလွန်သည့်အပြစ် ဒုစရိုက်များနှင့်မကောင်းမှုများ၊ သူတည် ဆောက်ခဲ့သည့်ရုပ်တုကိုးကွယ်ရာဌာနများ နှင့်တည်လုပ်ခဲ့သည့် အာရှရဘုရားမ၏ တံခွန်တိုင်များနှင့်သူဝတ်ပြုကိုးကွယ်သည့် ရုပ်တုများအကြောင်းကို ပရောဖက်များ ၏အတ္ထုပ္ပတ္တိတွင်အကုန်အစင်မှတ်တမ်း တင်ထားသတည်း။-
ရှောလုကလည်း``ကောင်းပြီ။ ငါတို့သွားကြစို့'' ဟုဆို၏။ သို့ဖြစ်၍သူတို့သည်သူတော်စင်နေ ထိုင်ရာမြို့သို့သွားကြ၏။ မြို့တည်ရာတောင်ကုန်း ကိုတက်၍သွားကြစဉ် သူတို့သည်လမ်းတွင်ရေ ခပ်ရန်လာသောအမျိုးသမီးကလေးအချို့နှင့် တွေ့သဖြင့်``ထိုမြို့ထဲ၌ရှေ့ဖြစ်ကိုဟောနိုင်သူ ရှိပါ၏လော'' ဟုမေးမြန်းစုံစမ်းကြ၏။ (ထိုခေတ်အခါကပရောဖက်အားရှေးဖြစ်ကို ဟောနိုင်သူဟုခေါ်ဝေါ်ကြ၏။ သို့ဖြစ်၍လူ တစ်ဦးတစ်ယောက်သည်ထာဝရဘုရားထံ လျှောက်ထားမေးမြန်းလိုသောအခါ``ရှေ့ဖြစ် ကိုဟောနိုင်သူထံသို့ငါတို့သွားကြကုန် အံ့'' ဟုဆိုလေ့ရှိသတည်း။)