Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 33:16

Common Language Bible

ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ယဇ် ပလ္လင်​ကို​ပြန်​လည်​ပြင်​ဆင်​ပြီး​နောက်​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​များ ကို​ပူ​ဇော်​တော်​မူ​၏။ ယု​ဒ​ပြည်​သူ​အ​ပေါင်း သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန် အ​မိန့်​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​မိ​မိ​၏​သား​မြေး​တို့​အား ငါ့​စ​ကား​ကို နာ​ခံ​စေ​ရန်​နှင့်​မှန်​ကန်​ဖြောင့်​မတ်​စွာ​ကျင့်​ကြံ​စေ ရန် ပ​ညတ်​ထား​နိုင်​စေ​အံ့​သော​ငှာ​သူ့​ကို​ငါ​ရွေး ကောက်​ပြီ။ ထို​သို့​သူ​တို့​နာ​ခံ​ကျင့်​ကြံ​ကြ​လျှင် သူ့​အား​က​တိ​ထား​သ​မျှ​အ​တိုင်း​ငါ​ပြု​မည်'' ဟု​အ​ကြံ​တော်​ရှိ​၏။

ထို့​နောက်​ဧ​လိ​ယ​က​လူ​တို့​အား``ငါ့​အ​နီး သို့​လာ​ကြ​လော့'' ဟု​ဆို​သ​ဖြင့် လူ​တို့​သည် သူ​၏​ပတ်​လည်​သို့​လာ​ရောက်​စု​ရုံး​ကြ​သော အ​ခါ ဧ​လိ​ယ​သည်​ဖြို​ချ​ထား​သည့်​ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပလ္လင်​ကို​ပြန်​၍​ပြု​ပြင်​၏။-

သူ​သည်​လူ​မျိုး​ခြား​တို့​၏​ယဇ်​ပလ္လင်​များ​နှင့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက် ပြီး​လျှင် ကျောက်​တိုင်​များ​နှင့်​တံ​ခွန်​တိုင် များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​လေ​သည်။-

ယု​ဒ​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး​များ ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အလို​တော် ကို​လိုက်​လျှောက်​ကြ​ရန်​နှင့်​ကိုယ်​တော်​၏ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-

လေဝိ​အ​နွယ်​ဝင်​တို့​သည် ဟေ​ဇ​ကိ​မင်း အား``အ​ကျွန်ုပ်​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​အ​တွက်​ယဇ်​ပလ္လင်၊ ရှေ့​တော်​မုန့် တင်​ရာ​စား​ပွဲ​နှင့်​အ​သုံး​အ​ဆောင်​များ အ​ပါ​အ​ဝင်​ဗိ​မာန်​တော်​တစ်​ခု​လုံး​ကို ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု ဆောင်​ရွက်​ပြီး​ကြ​ပါ​ပြီ။-

ဟေ​ဇ​ကိ​က​ပြည်​သူ​တို့​အား``ယ​ခု​သင် တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင် မှု​ကို​ပြု​ပြီး​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ပူ​ဇော် သကာ​အ​ဖြစ်​ဖြင့် ယဇ်​များ​ကို​ယူ​ဆောင်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​လူ တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အ​ချို့​သော သူ​တို့​သည်​မိ​မိ​တို့​စေ​တ​နာ​အ​လျောက် မီး​ရှို့​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​ကို​ယူ​ဆောင် လာ​ကြ​လေ​သည်။-

ထို​အ​ပြင်​မင်း​ကြီး​နှင့်​မှူး​မတ်​တို့​ထုတ်​ပြန် ကြေ​ညာ​သည့်​အ​မိန့်​များ​ကို​လိုက်​နာ​သော အား​ဖြင့် လူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း အ​လို​တော်​ကို​လိုက်​လျှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ယု​ဒ​ပြည်​သူ​တို့​၏​စိတ်​ကို​ပြု ပြင်​ပေး​တော်​မူ​၏။

မ​နာ​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ချီ​တက်​စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​လိုက်​သည့်​လူ​မျိုး​တို့​ထက်​ပို​၍​ပြစ်​မှား စေ​ရန် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရှေ့ ဆောင်​လမ်း​ပြ​၏။

သို့​ဖြစ်​၍​သင်​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စေ​ရန် ငါ​ဆု​တောင်း​လေ​ပြီ။ သင်​သည်​သ​တိ​တ​ရား ပြန်​လည်​ရ​ရှိ​သော​အ​ခါ​သင်​၏​ညီ​အစ်​ကို များ​အား​ခွန်​အား​ဖြည့်​တင်း​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ