၂ ရာချုပ် 32:33Common Language Bibleဟေဇကိကွယ်လွန်သောအခါသူ၏အလောင်း ကိုဘုရင်များ၏သင်္ချိုင်းအထက်ပိုင်းတွင်သင်္ဂြိုဟ် ကြ၏။ သူကွယ်လွန်ချိန်၌ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့သည်သူ့အား အထူးဂုဏ်ပြုကြ၏။ သားတော်မနာရှေ သည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။ အခန်းကိုကြည့်ပါ။ |
သူ၏တပ်သားတို့သည်လည်းမင်းကြီးကိုချီ ကြွ၍ အသင့်ရှိနေသောအခြားရထားတစ် စီးအပေါ်သို့တင်ပြီးလျှင်ယေရုရှလင်မြို့ သို့ယူဆောင်သွားကြ၏။ မင်းကြီးသည်ရထား ပေါ်၌ပင်ကွယ်လွန်တော်မူသဖြင့် သူ၏ အလောင်းကိုဘုရင်များ၏သင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သူမြို့သားအပေါင်းတို့သည် မင်းကြီး ကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြုကြကုန်၏။
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-