၂ ရာချုပ် 32:30Common Language Bibleဂိဟုန်စမ်းမှရေစီးကြောင်းကိုပိတ်ဆို့လိုက် ပြီးလျှင်ဥမင်လိုဏ်ခေါင်းတူး၍ ယေရုရှလင် မြို့တံတိုင်းအတွင်းသို့ရေကိုသွယ်သူမှာ ဟေဇကိပင်ဖြစ်၏။ ဟေဇကိသည်ပြုလေ သမျှသောအမှုတို့တွင်အောင်မြင်တော်မူ သည်။- အခန်းကိုကြည့်ပါ။ |
ထို့နောက်ဇာဒုတ်နှင့်နာသန်တို့ကရှောလမုန် အား ဂိဟုန်စမ်းတွင်ဘိသိက်ပေးကြပါသည်။ သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ် လျက်မြို့ထဲသို့ဝင်ကြသဖြင့် မြို့သူမြို့သား တို့သည်ယခုအခါအုတ်အုတ်ကျက်ကျက် ဖြစ်၍နေကြပါ၏။ အရှင်ကြားရသည့် အသံသည်ထိုသူတို့၏အသံပင်ဖြစ်ပါ၏။-
ထိုနောက်မနာရှေသည်ဒါဝိဒ်မြို့တော်အရှေ့ ဘက်ဂိဟုန်စမ်းချောင်းအနီးချိုင့်ဝှမ်းတစ်နေ ရာမှ မြောက်ဘက်ငါးတံခါးနှင့်သြဖေလဟု ခေါ်တွင်သည့်အရပ်တိုင်အောင်အပြင်မြို့ရိုး ကိုမြှင့်တင်လိုက်လေသည်။ မင်းကြီးသည်ယုဒ ပြည်တံတိုင်းကာရံထားသည့်မြို့ရှိသမျှတွင် လည်းတပ်မှူးတစ်ယောက်ကိုတပ်စုတစ်စုနှင့် တကွခန့်ထားတော်မူ၏။-