Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 32:13

Common Language Bible

ငါ​နှင့်​ငါ​၏​ဘိုး​ဘေး​များ​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​မှ​လူ​တို့​အား​အ​ဘယ်​သို့​ပြု ခဲ့​သည့်​ကို​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ အ​ခြား​အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​များ သည်​မိ​မိ​တို့​လူ​များ​အား​အာ​ရှု​ရိ​ဧ​က​ရာဇ် ၏​လက်​မှ​ကယ်​ခဲ့​ကြ​ပါ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ပေ​ကာ​မင်း​လက်​ထက်​တွင်​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​သည်​ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ မြို့​နှင့်​ဟာ​ဇော်​မြို့​များ​နှင့်​တ​ကွ​ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​နှင့်​န​ဿ​လိ​ပြည်​တို့​ကို​သိမ်း​ယူ​၍ လူ​တို့​အား အာ​ရှု​ရိ​ပြည်​သို့​သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​ဆီး​သွား​လေ​သည်။

ထို​နိုင်​ငံ​များ​ရှိ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​၏​လူ​တို့​အား​ငါ​၏​လက်​မှ​ကယ်​ခဲ့​ဖူး ပါ​သ​နည်း။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​၏​ဘု​ရား သည်​သင်​တို့​ကို​ကယ်​တော်​မူ​နိုင်​သည်​ဟု အ​ဘယ်​ကြောင့်​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​နည်း။-

သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ဘု​ရား​သ​ခင်​ကို​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​ရုပ်​တု များ​ဖြစ်​သည့်​အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား များ​နှင့်​တန်း​တူ​ထား​၍​ပြော​ဆို​ကြ​၏။

ကမ္ဘာ​ပေါ်​ရှိ​တိုင်း​နိုင်​ငံ​တို့​သည်​ငှက်​သိုက်​နှင့် တူ​၍ ငါ​သည်​ထို​နိုင်​ငံ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ငှက်​ဥ​များ​သ​ဖွယ်​လွယ်​ကူ​စွာ​သိမ်း​ယူ​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​အ​တောင်​ကို​မ​ခတ်၊ ပါး​စပ်​ကို​မ​ဟ​ရဲ​ကြ​ဟု​ဝါ​ကြွား​လေ သည်။

ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ လေ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

``ငါ​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ထင်​ရှား​စေ ရန်​နေ​ပြည်​တော်​အ​ဖြစ်​ဖြင့် ငါ​တည်​ထောင်​ခဲ့ သော​ဗာ​ဗု​လုန်​မြို့​သည်​လွန်​စွာ​ကြီး​ကျယ် ခမ်း​နား​လှ​ပါ​သည်​တ​ကား'' ဟု​မြွက်​ဆို​၏။

``သို့​ဖြစ်​၍​ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​မင်း​အား​ထော​မ​နာ ပြု​ပါ​၏။ ဂုဏ်​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​သည်​မှန်​ကန်​ပါ​ပေ သည်။ ကိုယ်​တော်​သည်​အ​စဉ်​ပင်​တ​ရား​မျှ တ​တော်​မူ​၍​မာန်​မာ​န​ထောင်​လွှား​သူ​တို့ အား​နိမ့်​ကျ​စေ​တော်​မူ​ပါ​၏'' ဟု​ရေး သား​ဖော်​ပြ​တော်​မူ​လေ​သည်။

သူ​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သ​ဖြင့် ဘာ သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး​သီး​တို့​ရှိ​လူ အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ ပါ​၏။ သူ​သည်​မိ​မိ​ကွပ်​မျက်​လို​သူ​ကို​ကွပ် မျက်​၍​အ​သက်​ရှင်​စေ​လို​သူ​ကို​ရှင်​စေ တော်​မူ​ခဲ့​ပါ​၏။ ချီး​မြှောက်​လို​သူ​ကို​ချီး မြှောက်​၍​နှိမ့်​ချ​လို​သူ​ကို​နှိမ့်​ချ​တော်​မူ ခဲ့​ပါ​၏။-

ဤ​ပေါ​လု​ဆို​သူ​သည်​ဧ​ဖက်​မြို့​တွင်​သာ​မ​က အာ​ရှ​ပြည်​တစ်​ခု​လုံး​လို​လို​၌​ပင် `လူ့​လက်​ဖြင့် ပြု​လုပ်​သည့်​ဘု​ရား​များ​သည်​ဘု​ရား​လုံး​ဝ မ​ဟုတ်' ဟု​ဆို​၍​လူ​အ​မြောက်​အ​မြား​ကို ဖြား​ယောင်း​သွေး​ဆောင်​ကာ မှောက်​မှား​လမ်း​လွဲ စေ​သည်​ကို​သင်​တို့​ကိုယ်​တိုင်​ကြား​နိုင်​မြင် နိုင်​ကြ​၏။-

ထို့​ကြောင့်​ရုပ်​တု​ကို​ပူ​ဇော်​သည့်​အ​စား​အ​စာ နှင့်​ပတ်​သက်​၍​ပြော​ရ​သော် ရုပ်​တု​ဟူ​သည်​မှာ သက်​ရှင်​လှုပ်​ရှား​မှု​မ​ရှိ​ကြောင်း​ကို​လည်း ကောင်း၊ တစ်​ဆူ​တည်း​သော​ဘု​ရား​မှ​တစ်​ပါး အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ