Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 32:1

Common Language Bible

ဤ​သို့​ဟေ​ဇ​ကိ​သည်​ထာ​ဝရ​ဘု​ရား​အား သစ္စာ​နှင့်​ဆည်း​ကပ်​ကိုး​ကွယ်​လျက်​နေ​သည့် နောက်​ပိုင်း​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ် သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ လေ​သည်။ သူ​သည်​တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ မြို့​ရိုး​များ ကို​ချိုး​ဖောက်​ဝင်​ရောက်​ရန်​မိမိ​၏​တပ်​မ တော်​အား​အ​မိန့်​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​တိ​က​လတ်​ပိ​လေ​သာ သည် ဣသ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လာ​၏။ ထို​အ​ခါ​မေ​န​ဟင်​သည်​မိ​မိ​၏​ပြည်​တွင် အာ​ဏာ တည်​တံ့​ခိုင်​မြဲ​ရေး​အ​တွက် တိ​က​လတ်​ပိ​လေ​သာ ၏​အ​ထောက်​အ​ကူ​ကို​ရ​ရှိ​နိုင်​ရန် သူ့​အား​ငွေ​သုံး ဆယ့်​ရှစ်​တန်​ဆက်​သ​လေ​သည်။-

ဟော​ရှေ​၏​နန်း​စံ​ကိုး​နှစ်​မြောက်​၌​အာ​ရှု​ရိ ဧ​က​ရာဇ်​ဘု​ရင်​သည် ရှ​မာ​ရိ​မြို့​ကို​သိမ်း​ယူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သုံ့​ပန်း​များ အ​ဖြစ်​အာ​ရှု​ရိ​ပြည်​သို့​ဖမ်း​သွား​ပြီး​လျှင် အ​ချို့​ကို​ဟာ​လ​မြို့​၌​လည်း​ကောင်း၊ အ​ချို့ ကို​ဂေါ​ဇန်​ခရိုင်၊ ဟာ​ဗော်​မြစ်​အ​နီး​၌​လည်း ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ​မြို့​များ​၌ လည်း​ကောင်း​နေ​ထိုင်​စေ​၏။

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​သွား​ပြီး​လျှင်​အ​ချို့​ကို​ဟာ​လ​မြို့​၌ လည်း​ကောင်း၊ အ​ချို့​ကို​ဂေါ​ဇန်​ခ​ရိုင်​ဟာ​ဗော်​မြစ် အ​နီး​၌​လည်း​ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ မြို့​များ​၌​လည်း​ကောင်း​နေ​ထိုင်​စေ​၏။

အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သိ​ရှိ​ကြ​စေ​ရန် ယ​ခု​ပင်​အ​ကျွန်ုပ်​တို့​အား အာ​ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။''

သ​နာ​ခ​ရိပ်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​လည်း တိုက်​ခိုက်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း ဟေ​ဇ​ကိ သိ​မြင်​သော​အ​ခါ၊-

ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​အ​တွက်​ဤ​သို့ သော​အ​မှု​အ​ရာ​များ​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ် ရှိ​ခါ​ခေ​မိတ်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ လေ​သည်။ ယော​ရှိ​သည်​သူ့​အား​ဆီး​တား​ရန် ချီ​တက်​ရာ၊-

ရန်​သူ​တို့​သည်​ယ​နေ့​နော​ဘ​မြို့​တွင်​ရှိ​ကြ ၏။ သူ​တို့​သည်​ထို​မြို့​မှ​နေ​၍​ဇိ​အုန်​တောင် နှင့် ယေ​ရု​ရှ​လင်​မြို့​အား​လက်​သီး​ဆုပ်​၍ ပြ​ကြ​၏။

ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နန်း​စံ​တစ်​ဆယ့်​လေး နှစ်​မြောက်​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင်​သ​နာ ခ​ရိပ်​သည် ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။-

ထို​အ​ခါ​အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​သည်​တပ် ခေါက်​၍​နိ​နေ​ဝေ​မြို့​သို့​ပြန်​တော်​မူ​၏။-

``သူ​တို့​သည်​ငါ့​ထံ​ပြန်​မ​လာ​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ပြန်​ရ​ကြ​မည်။ အာ​ရှု​ရိ ဘု​ရင်​သည်​သူ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။-

သူ​တို့​အား​ပြည်​နှင်​ဒဏ်​ခံ​ရာ​မှ​လွတ် မြောက်​ရန် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ရှေ့ ဆောင်​လမ်း​ပြ​တော်​မူ​မည်။ သူ​တို့​သည်​မြို့ တံ​ခါး​များ​ကို​ချိုး​ဖောက်​၍​လွတ်​မြောက် လာ​ကြ​မည်။ သူ​တို့​၏​ဘုရင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သူ​တို့​ကို​ထုတ်​ဆောင်​တော် မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ