၂ ရာချုပ် 31:12Common Language Bibleထိုလှူဖွယ်ပစ္စည်းများနှင့်ဆယ်ပုံတစ်ပုံ အလှူများကိုသိမ်းဆည်းထားကြ၏။ သူ တို့သည်ပစ္စည်းသိုလှောင်ခန်းများအတွက် လေဝိအနွယ်ဝင်ကောနနိအားတာဝန်ခံ အဖြစ်ဖြင့်လည်းကောင်း၊ သူ၏ညီရှိမိအား လက်ထောက်တာဝန်ခံအဖြစ်ဖြင့်လည်း ကောင်းခန့်အပ်ကြလေသည်။- အခန်းကိုကြည့်ပါ။ |
သူတို့၏လက်အောက်တွင်အမှုထမ်းရန် လေဝိ အနွယ်ဝင်ဆယ်ဦးဖြစ်ကြသောယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ် နှင့်ဗေနာယတို့ကိုလည်းခန့်ထားကြ၏။ ဤရာထူးများကိုဟေဇကိမင်းနှင့်ယဇ် ပုရောဟိတ်မင်းအာဇရိတို့၏အမိန့်အရ ခန့်ထားခြင်းဖြစ်သတည်း။-
အာရုန်မှဆင်းသက်လာသူတို့အားနေရာ ချထားသည့်မြို့များ၌ဖြစ်စေ၊ ထိုမြို့တို့ နှင့်သက်ဆိုင်သည့်စားကျက်များ၌ဖြစ်စေ နေထိုင်သူယဇ်ပုရောဟိတ်များတွင်ရိက္ခာ ခွဲဝေမှုတာဝန်ခံများရှိ၏။ သူတို့သည်ယဇ် ပုရောဟိတ်များ၏အိမ်ထောင်စုဝင်ယောကျာ်း မှန်သမျှနှင့် လေဝိသားချင်းစုစာရင်း ဝင်သူမှန်သမျှတို့အားစားနပ်ရိက္ခာ များကိုခွဲဝေပေးကြ၏။
ဣသရေလအမျိုးသားများနှင့်လေဝိ အနွယ်ဝင်တို့သည်အသီးအနှံ၊ စပျစ်ရည် နှင့်သံလွင်ဆီအလှူကိုဗိမာန်တော်အသုံး အဆောင်များထားရှိသောတာဝန်ကျသည့် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့် တပ်သားများနှင့် ဗိမာန်တော်ဂီတပညာသည် များနေထိုင်သောအခန်းများသို့ယူဆောင် သွားပါမည်။ ငါတို့သည်ငါတို့ဘုရားသခင်၏အိမ် တော်ကိုစွန့်ပစ်၍ထားမည်မဟုတ်ပါ။