Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 30:6

Common Language Bible

မင်း​ကြီး​နှင့်​မှူး​မတ်​များ​၏​အ​မိန့်​အ​ရ စေ​တ​မန်​တို့​သည် ဖိတ်​စာ​များ​ယူ​ဆောင် လျက်​ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​သွား​ရောက်​ကြ​၏။ ဖိတ်​စာ​တွင်``အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည်​အာ​ရှု​ရိ​မင်း​၏​လက်​မှ​လွတ် မြောက်​၍​မ​သေ​ဘဲ​ကျန်​ခဲ့​ကြ​လေ​ပြီ။ အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ ကိုယ်​တော်​သည်​လည်း​သင်​တို့​ထံ သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ပ​ရော​ဖက်​ဧ​လိ​ယ​သည်​ယဇ်​ပလ္လင်​အ​နီး​သို့ ချဉ်း​ကပ်​၍``အို အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​၍​ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​ကို ကိုယ်​တော်​၏​အ​မိန့်​တော် အ​ရ​ပြု​ကြောင်း​ကို​လည်း​ကောင်း​ယ​နေ့​သိ ကြ​ပါ​စေ​သော။-

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​တိ​က​လတ်​ပိ​လေ​သာ သည် ဣသ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လာ​၏။ ထို​အ​ခါ​မေ​န​ဟင်​သည်​မိ​မိ​၏​ပြည်​တွင် အာ​ဏာ တည်​တံ့​ခိုင်​မြဲ​ရေး​အ​တွက် တိ​က​လတ်​ပိ​လေ​သာ ၏​အ​ထောက်​အ​ကူ​ကို​ရ​ရှိ​နိုင်​ရန် သူ့​အား​ငွေ​သုံး ဆယ့်​ရှစ်​တန်​ဆက်​သ​လေ​သည်။-

ပေ​ကာ​မင်း​လက်​ထက်​တွင်​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​တိ​ဂ​လတ်​ပိ​လေ​သာ​သည်​ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ မြို့​နှင့်​ဟာ​ဇော်​မြို့​များ​နှင့်​တ​ကွ​ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​နှင့်​န​ဿ​လိ​ပြည်​တို့​ကို​သိမ်း​ယူ​၍ လူ​တို့​အား အာ​ရှု​ရိ​ပြည်​သို့​သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​ဆီး​သွား​လေ​သည်။

ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​ဖြစ် ကြ​သော​အာ​ဗြ​ဟံ၊ ယာ​ကုပ်​နှင့်​ဣ​ဇာက် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ သို့​ဘု​ရား​တ​ရား​စွဲ​လန်း​တတ်​သော​စိတ် သ​ဘော​ကို ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏ စိတ်​နှ​လုံး​တွင်​အ​စဉ်​သ​ဖြင့်​ခိုင်​မြဲ စွာ​တည်​ရှိ​စေ​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​တော်​ရှင်​အ​ပေါ်​အ​စဉ်​အ​မြဲ သစ္စာ​ရှိ​စေ​တော်​မူ​ပါ။-

သို့​ဖြစ်​၍​ကိုယ်​တော်​သည်(တိ​ဂ​လတ်​ပိ​လေ သာ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​ရှု​ရိ ပြည်​ဧ​က​ရာဇ်​ဘု​ရင်​ပု​လ​အား​သူ​တို့ ၏​တိုင်း​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ တော်​မူ​၏။ ကိုယ်​တော်​သည်​ရုဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်​နှင့် အ​ရှေ့​ပိုင်း​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​အား​ပြည်​နှင်​ဒဏ်​ပေး​တော်​မူ​၍ ဟေ​လ၊ ဟာ​ဗော်​နှင့်​ဟာ​ရ​နယ်​များ​တွင် လည်း​ကောင်း၊ ဂေါ​ဇန်​မြစ်​အ​နီး​တွင်​လည်း ကောင်း၊ အ​မြဲ​တမ်း​အ​ခြေ​စိုက်​၍​နေ ထိုင်​စေ​တော်​မူ​၏။

သို့​ဖြစ်​၍​အာ​ရှု​ရိ​ဧ​က​ရဇ်​မင်း​တိ​ဂ​လတ် ပိ​လေ​သာ​သည် အာ​ခတ်​အား​အ​ကူ​အ​ညီ ပေး​မည့်​အ​စား​ဆန့်​ကျင်​ဘက်​ပြု​၍​ဒုက္ခ ရောက်​စေ​၏။-

စာ​ပို့​လု​လင်​တို့​သည်​ထို​အ​မိန့်​တော်​ကို အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် ရှိ​သ​မျှ​သို့​ယူ​ဆောင်​သွား​ကြ​၏။ ထို​အ​မိန့် တော်​တွင်``အာ​ဒါ​လ၊ ဆယ့်​သုံး​ရက်​နေ့​တစ်​နေ့ တည်း​၌​ယု​ဒ​အ​မျိုး​သား​လူ​ကြီး​လူ​ငယ် ယောကျာ်း​မိန်း​မ​ရှိ​သ​မျှ​ကို​မ​သ​နား၊ မ ညှာ​တာ​ဘဲ​သတ်​ဖြတ်​ကာ​သူ​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​လု​ယူ​စေ'' ဟု​ပါ​ရှိ​၏။-

သို့​ဖြစ်​၍​မြင်း​စီး​စာ​ပို့​လု​လင်​တို့​သည်​မင်း ကြီး​၏​အ​မိန့်​တော်​အ​ရ ဘု​ရင့်​မြင်း​တော် များ​ကို​စီး​၍​ခ​ရီး​ပြင်း​နှင်​ကြ​ကုန်​၏။ မြို့ တော်​ရှု​ရှန်​၌​လည်း​ထို​အ​မိန့်​ကို​ကြေ​ညာ ကြ​လေ​သည်။

တမြို့မှတမြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ၏။

အ​ကယ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် မြို့​သူ​မြို့​သား​အ​ချို့​တို့​အား​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ်​စေ​တော်​မ​မူ​ပါ​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကဲ့​သို့​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​မည်​သာ​ဖြစ်​၏။

အ​ကယ်​၍​ထို​ပြည်​တွင်​လူ​ဦး​ရေ​ဆယ်​ရာ​နှုန်း​မျှ​သာ​ကျန်​ရစ်​မည်​ဆို​လျှင်​လည်း ထို​သူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ထို​သူ​တို့​သည်​ခုတ်​လှဲ​လိုက်​သည့်​ဝက်​သစ်​ချ​ပင်​တို့​၏​ငုတ်​တို​များ​နှင့်​တူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (သစ်​ငုတ်​တို​များ​သည်​ဘု​ရား​သ​ခင်​လူ​မျိုး​တော်​၏​ဘ​ဝ​သစ်​အ​စ​ပျိုး​မှု​ကို​ဖော်​ပြ​သည်။)

ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​သုံ့​ပန်း​များ​အ​ဖြစ် ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​သည့်​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​တစ်​စောင်​ပေး​ပို့​လိုက်​၏။-

ထာ​ဝ​ရ​ဘု​ရား​က``အို သစ္စာ​ဖောက်​သည့်​လူ​မျိုး တို့၊ ပြန်​၍​လာ​ကြ​လော့။ ငါ​သည်​သင်​၏​ခင်​ပွန်း ဖြစ်​၏။ သင်​တို့​အား​မြို့​တစ်​မြို့​လျှင်​တစ်​ယောက် ကျ၊ သား​ချင်း​စု​တစ်​စု​လျှင်​နှစ်​ယောက်​ကျ ရွေး​ချယ်​၍ ဇိ​အုန်​တောင်​သို့​ပြန်​လည်​ခေါ်​ဆောင် မည်။-

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည်​သား တို့၊ အ​ကယ်​၍​သင်​တို့​ပြန်​လာ​လို​လျှင်​ငါ့ ထံ​သို့​ပြန်​လာ​ကြ​လော့။ ငါ​ရွံ​မုန်း​သည့် ရုပ်​တု​တို့​ကို​ဖယ်​ရှား​ကာ​ငါ့​အား​သစ္စာ စောင့်​ကြ​လျှင်၊-

ဗာ​ဗု​လုန်​မြို့​သည်​အ​ဘက်​ဘက်​မှ​ပြို​ကျ​လျက် ရှိ​ကြောင်း​ဗာ​ဗု​လုန်​ဘု​ရင်​အား​မင်း​လု​လင်​တို့ သည် တစ်​ဦး​ပြီး​တစ်​ဦး​လာ​ရောက်​လျှောက်​ထား ကြ​၏။-

ငါ​တို့​သည်​မိ​မိ​တို့​လမ်း​စဉ်​ကို​စစ်​ဆေး​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ကြ ကုန်​အံ့။

အို ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ပြန်​လာ​ခွင့်​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ ရှေး​ကာ​လ​မှာ​ကဲ့​သို့​ကျွန်​တော်​မျိုး​တို့​အား ဘုန်း​ကြီး​စေ​တော်​မူ​ပါ။

ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ ငါ​မိန့်​တော်​မူ​သည်​ကား​အ​ပြစ်​ကူး လွန်​သူ​တစ်​စုံ​တစ်​ယောက်​သေ​သည်​ကို​မ မြင်​လို ထို​သူ​အ​ပြစ်​ကူး​လွန်​မှု​ကို​ရပ်​စဲ ၍​အ​သက်​ရှင်​သည်​ကို​သာ​လျှင်​တွေ့​မြင် လို​သည်။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ သင်​တို့​ပြု​လျက်​ရှိ​သည့်​အ​ပြစ်​ဒု စ​ရိုက်​ကို​ရပ်​စဲ​ကြ​လော့။ ရပ်​စဲ​သော​သင် တို့​သည်​အ​ဘယ်​ကြောင့်​သေ​ချင်​ကြ သ​နည်း။

ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ သင်​တို့​သည်​သင်​တို့​၏​အ​ပြစ်​ကြောင့် ခြေ​ချော်​၍​လဲ​ကြ​ပြီ။-

လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ပြန်​ကြ စို့၊ ကိုယ်​တော်​သည်​ငါ​တို့​အား​အ​နာ​တ​ရ ဖြစ်​စေ​သော်​လည်း အ​နာ​ပျောက်​ကင်း​အောင် ကု​သ​တော်​မူ​မည်။ ဒဏ်​ရာ​ရ​စေ​သော်​လည်း အ​နာ​ကို​ပတ်​စည်း​တော်​မူ​မည်။-

သို့​ရာ​တွင်​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​လာ ကြ​လော့။ ငါ​သည်​လည်း​သင်​တို့​ထံ​သို့​ကြွ လာ​တော်​မူ​မည်။-

သင်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်။ ရှေး​အ​ခါ​က​ပ​ရော​ဖက်​များ သည်​သူ​တို့​အား ယုတ်​မာ​ဆိုး​ညစ်​သည့်​အ​ကျင့် များ​ကို​ရပ်​စဲ​လိုက်​ကြ​ရန်​ပြော​ကြား​သော် လည်း​သူ​တို့​သည်​နား​မ​ထောင်​ဂ​ရု​မ​စိုက် ကြ'' ဟု​မိန့်​တော်​မူ​၏။-

ဘု​ရား​သခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင်​တို့​ထံ​သို့ ကြွ​လာ​တော်​မူ​သည်။ အ​ပြစ်​ကူး​သူ​တို့၊ သင်​တို့​လက်​များ​ကို​ဆေး​ကြော​ကြ​လော့။ မာ​န​ထောင်​သူ​တို့၊ သင်​တို့​၏​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ