၂ ရာချုပ် 30:15Common Language Bibleဘာသာရေးထုံးနည်းအရသန့်စင်မှုကိုမပြု ခဲ့သူ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့သည် လွန်စွာအရှက်ရ၍ မိမိတို့ကိုယ်ကို ထာဝရဘုရားအားဆက်ကပ်ကြသဖြင့် ယခု အခါဗိမာန်တော်တွင်မီးရှို့ရာယဇ်များကို ပူဇော်နိုင်ကြ၏။- အခန်းကိုကြည့်ပါ။ |
ဤတိရစ္ဆာန်များကိုသတ်ရန်ယဇ်ပုရောဟိတ် မလုံလောက်သဖြင့် မိမိတို့ကိုယ်ကိုသန့်စင် မှုပြုပြီးသူ၊ ယဇ်ပုရောဟိတ်များကိုမရ ရှိမီအတွင်းဆောင်ရွက်စရာများပြီးဆုံး ချိန်အထိ လေဝိအနွယ်ဝင်တို့ကကူညီ ရကြ၏။ (ယဇ်ပုရောဟိတ်များထက် လေဝိအနွယ်ဝင်များကဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုပို၍တိကျ စွာပြုတတ်ကြသည်။-)
ဟေဇကိမင်းသည်လူတို့စားရန်အတွက် နွား ကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေခုနစ်ထောင် ကိုပေးလှူတော်မူ၏။ မှူးမတ်များကလည်း နွားကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေတစ် သောင်းကိုပေးလှူကြလေသည်။ ယဇ်ပုရော ဟိတ်အမြောက်အမြားပင်ဘာသာရေး ထုံးနည်းအရသန့်စင်မှုကိုပြုကြကုန်၏။-
သင်တို့သည်ပသခါသိုးများ၊ ဆိတ်များ ကိုသတ်ရမည်။ ယခုမိမိတို့ကိုယ်ကို ဘာသာရေးထုံးနည်းအရသန့်စင်မှုရှိ အောင်ပြု၍ မောရှေအားဖြင့်ထာဝရဘုရား ပေးတော်မူသောညွှန်ကြားချက်များကို အမျိုးသားချင်းတို့လိုက်နာကျင့်သုံးနိုင် ကြစေရန် ယဇ်ပူဇော်မှုကိုပြင်ဆင်ကြ လော့'' ဟုမိန့်တော်မူ၏။
ယဇ်ပုရောဟိတ်အပေါင်းတို့သည်မည်သည့် အဖွဲ့တွင်ပါဝင်သည်မဆို မိမိတို့ကိုယ် ကိုဆက်ကပ်ပြီးဖြစ်ကြ၏။ လေဝိအနွယ် ဝင်ဂီတဆရာများဖြစ်ကြသောအာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့်သူတို့၏တပည့်အပေါင်း တို့သည်ပိတ်ချောထည်ကိုဝတ်ဆင်၍လင်း ကွင်းများ၊ စောင်းများကိုကိုင်လျက်တံပိုး ခရာမှုတ်သူယဇ်ပုရောဟိတ်ပေါင်းတစ်ရာ့ နှစ်ဆယ်တို့သည်သူတို့နှင့်အတူယဇ်ပလ္လင် ၏အရှေ့ဘက်တွင်ရပ်နေကြလေသည်။ သီ ဆိုသူတို့သည်တံပိုးခရာသံ၊ လင်းကွင်း သံနှင့်အခြားတူရိယာသံများနှင့်စည်း လိုက်ဝါးလိုက်ညီညာစွာထာဝရဘုရား အားသီဆိုထောမနာပြုကြကုန်၏။ သူတို့က ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ သည်ဖြစ်၍ကိုယ်တော်အားထောမနာပြု ကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည် သတည်း'' ဟုသီဆိုကြလေသည်။ ယဇ်ပုရောဟိတ်တို့သည်ဗိမာန်တော်မှထွက်လာ စဉ်ဗိမာန်တော်သည်ရုတ်တရက်မိုးတိမ်ဖြင့် ပြည့်လာပြီးလျှင် ထာဝရဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်သည်ဖြစ်၍သူတို့သည်ဝတ် ပြုကိုးကွယ်ခြင်းကိုဆက်လက်၍မပြုနိုင်ကြ ချေ။
ယဇ်ပုရောဟိတ်နှင့်လေဝိအနွယ်ဝင်အပေါင်းတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစေသဖြင့် ဘာသာရေးထုံးနည်းအရသန့်စင်လျက်ရှိကြ၏။ လေဝိအနွယ်ဝင်တို့သည်မိမိတို့ပြည်သို့ပြန်လာကြသူများ၊ ယဇ်ပုရောဟိတ်များနှင့် မိမိတို့ကိုယ်တိုင်တို့အတွက်ပသခါယဇ်ကောင်များကိုသတ်ကြ၏။-