၂ ရာချုပ် 30:11Common Language Bibleသို့သော်အာရှာ၊ မနာရှေနှင့်ဇာဗုလုန်အနွယ် ဝင်တို့အနက် အချို့သောသူတို့မူကား ယေရုရှလင်မြို့သို့လာရောက်ကြ၏။- အခန်းကိုကြည့်ပါ။ |
မင်းကြီး၏ဆုတောင်းပတ္ထနာနှင့်ထာဝရဘုရား နားညောင်းတော်မူပုံ၊ သူကူးလွန်သည့်အပြစ် ဒုစရိုက်များနှင့်မကောင်းမှုများ၊ သူတည် ဆောက်ခဲ့သည့်ရုပ်တုကိုးကွယ်ရာဌာနများ နှင့်တည်လုပ်ခဲ့သည့် အာရှရဘုရားမ၏ တံခွန်တိုင်များနှင့်သူဝတ်ပြုကိုးကွယ်သည့် ရုပ်တုများအကြောင်းကို ပရောဖက်များ ၏အတ္ထုပ္ပတ္တိတွင်အကုန်အစင်မှတ်တမ်း တင်ထားသတည်း။-
ယေရုရှလင်မြို့သူမြို့သားတို့အားအပြစ် ဒဏ်ခတ်ရန် ငါကြုံးဝါးသည်ကိုကြားသိရ သောအခါ သင်သည်ငိုယိုကာမိမိ၏အဝတ် များကိုဆုတ်ပြီးလျှင်နောင်တရလျက်ငါ၏ ရှေ့တော်တွင်စိတ်နှလုံးနှိမ့်ချလျက်နေ၏။ သို့ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာ ကိုကြားတော်မူပြီဖြစ်၍၊-
သင်တို့အားငါဆိုသည်ကားဤသူသည် ဘုရားသခင်၏ရှေ့တော်တွင်သူတော်ကောင်း အဖြစ်ဖြင့်အိမ်သို့ပြန်ရ၏။ ဖာရိရှဲမူကား ထိုသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိမိ ကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်းခံရ ၍ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ခံရမည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော် မူ၏။