Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 3:1

Common Language Bible

ရှော​လ​မုန်​မင်း​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သည် ဗိ​မာန်​တော်​တည်​ဆောက်​ရာ​အ​ရပ်​ကို ပြင်​ဆင်​ထား​ခဲ့​ပြီး​ဖြစ်​သည်။ ထို​အ​ရပ်​မှာ ယေ​ရု​ရှ​လင်​မြို့၊ မော​ရိ​တောင်​ပေါ်၊ ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း ဖြစ်​သည်။ ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​တည် ဆောက်​မှု​ကို​နန်း​စံ​စတုတ္ထ​နှစ်​ဒု​တိ​ယ​လ ၌​အ​စ​ပြု​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​ထို​အ​ရပ်​ကို``ထာ​ဝ​ရ​ဘု​ရား ပြင်​ဆင် ပေး​သည်'' ဟု​သ​မုတ်​လေ​၏။ ယ​နေ့​ထက်​တိုင်​လူ တို့​က``တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင် ပေး​လိမ့်​မည်'' ဟူ​၍​ပြော​ဆို​လေ့​ရှိ​ကြ​၏။

ထို​အ​ခါ​ဘု​ရား​သ​ခင်​က``သင်​အ​လွန်​ချစ်​သော သင်​၏​တစ်​ဦး​တည်း​သော​သား​ဣ​ဇာက်​ကို​ခေါ်​ဆောင် ၍​မော​ရိ​ပြည်​သို့​သွား​လော့။ ထို​အ​ရပ်​တွင်​ငါ​ပြ မည့်​တောင်​ပေါ်​၌​သူ့​ကို​ယဇ်​ကောင်​အ​ဖြစ်​ဖြင့် ငါ့​အား​ပူ​ဇော်​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တမန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ပြု​သော အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မှု​နှင့်​ပတ်​သက်​၍​စိတ်​ပြောင်း လဲ​တော်​မူ​သ​ဖြင့်``ရပ်​တန့်​လော့။ တော်​လောက် ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ​၌​ကောင်း​ကင်​တမန်​သည်​ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း အ​နီး​တွင်​ရပ်​လျက်​နေ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န​ကောက် တ​လင်း​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။-

ထို့​ကြောင့်​ဒါ​ဝိဒ်​က``ဤ​အ​ရပ်​ကား​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တည် ဆောက်​ရ​မည့်​အ​ရပ်​ဖြစ်​၏။ ဤ​နေ​ရာ​သည် ဣ​သ​ရေ​လ​ပြည်​သား​တို့​မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ရန်​နေ​ရာ​ဖြစ်​၏'' ဟု​ဆို​၏။

(ရှော​လ​မုန်​မင်း​ယေ​ရု​ရှ​လင်​မြို့​တွင်​တည် ဆောက်​သည့်​ဗိ​မာန်​တော်​တွင်​အ​မှု​တော်​ဆောင် သူ) အာ​ဇ​ရိ၊-

သို့​သော်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​ခွင့်​ရ​သူ​ကား ရှော​လ​မုန်​မင်း ကြီး​ဖြစ်​သ​တည်း။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ