Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 29:35

Common Language Bible

တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရ​သည့်​ယဇ် များ​အ​ပြင် လူ​တို့​စား​သုံး​သည့်​ယဇ်​များ မှ​ဆီ​ဥ​ကို​မီး​ရှို့​ပူ​ဇော်​မှု၊ မီး​ရှို့​ရာ​ပူ​ဇော် သ​ကာ​များ​နှင့်​အ​တူ​ဆက်​ကပ်​ရ​သည့် စ​ပျစ်​ရည်​ကို သွန်း​လောင်း​ပူ​ဇော်​မှု​တို့​ကို လည်း​ယဇ်​ပု​ရော​ဟိတ်​များ​က​တာ​ဝန် ယူ​ရ​ကြ​လေ​သည်။ သို့​ဖြစ်​၍​ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ် မှု​သည်​ပြန်​လည်​တည်​မြဲ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည်​ဘု​ရား​သ​ခင်​က​သူ့​အား​မိန့်​ကြား တော်​မူ​သော​အ​ရပ်​တွင်​မှတ်​တိုင်​ကို​စိုက်​ထူ​၍ ၎င်း​အ​ပေါ်​တွင်​စ​ပျစ်​ရည်​နှင့်​ဆီ​လောင်း​လျက် ဆက်​ကပ်​လေ​၏။-

သူ​တို့​သည်​နွား​ကောင်​ရေ​ခု​နစ်​ဆယ်၊ သိုး ကောင်​ရေ​တစ်​ရာ​နှင့်​သိုး​ငယ်​ကောင်​ရေ​နှစ် ရာ​တို့​ကို​ထာ​ဝရ​ဘု​ရား​အား မီး​ရှို့​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ယူ​ဆောင်​လာ​ပြီး​လျှင်၊-

ထာ​ဝရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​လျင် မြန်​စွာ​ဆောင်​ရွက်​နိုင်​ခွင့်​ပေး​တော်​မူ​သ​ဖြင့် ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​တို့​သည် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။

သူ​တို့​သည်​မော​ရှေ​၏​ကျမ်း​တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လှည့်​ကျ​ခွဲ​ထား​သော​တာ​ဝန်​ကို​ပေး​အပ်​ကြ​လေ​သည်။

ထို​နောက်​နွား​ဝမ်း​တွင်း​သား​မှ​အ​ဆီ​ရှိ​သ​မျှ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​တ​ကွ အ​ဆီ​တို့​ကို၊ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော် ရ​မည်။-

ထို​မီး​ရှို့​ပူ​ဇော်​သော​ယဇ်​နှင့်​အ​တူ​သံ​လွင် ဆီ​ရော​သော​မုန့်​ညက်​လေး​ပေါင်​ကို ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။ ထို​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။ ထို​ယဇ်​နှင့်​အ​တူ​စ​ပျစ်​ရည်​ငါး ဆယ်​သား​ခန့်​ကို​လည်း​ဆက်​သ​ရ​မည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​ဆီ ကို​သော်​လည်း​ကောင်း၊ သွေး​ကို​သော်​လည်း ကောင်း​မ​စား​ရ။ အ​ရပ်​ရပ်​တွင်​နေ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။

ခပ်​သိမ်း​သော​အ​မှု​တို့​ကို​လျောက်​ပတ်​စွာ​စနစ် တ​ကျ​လုပ်​ဆောင်​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ