Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 29:31

Common Language Bible

ဟေ​ဇ​ကိ​က​ပြည်​သူ​တို့​အား``ယ​ခု​သင် တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင် မှု​ကို​ပြု​ပြီး​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ပူ​ဇော် သကာ​အ​ဖြစ်​ဖြင့် ယဇ်​များ​ကို​ယူ​ဆောင်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​လူ တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အ​ချို့​သော သူ​တို့​သည်​မိ​မိ​တို့​စေ​တ​နာ​အ​လျောက် မီး​ရှို့​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​ကို​ယူ​ဆောင် လာ​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​အာ​ရုန်​၏​အ​ဆက်​အ​နွယ်​ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို နှင်​ထုတ်​ကာ သူ​တို့​၏​နေ​ရာ​တွင်​လူ​မျိုး​ခြား တို့​၏​ဋ္ဌ​လေ့​ကို​လိုက်​၍​အ​ခြား​သူ​တို့​အား ယဇ်​ပု​ရော​ဟိတ်​ခန့်​ထား​ကြ​၏။ မည်​သူ​မ​ဆို နွား​တစ်​ကောင်​သို့​မ​ဟုတ်​သိုး​ခု​နစ်​ကောင်​ကို ယူ​ဆောင်​လာ​လျှင်​သင်​တို့​ကိုး​ကွယ်​သော နာ​မည်​ခံ​ဘု​ရား​များ​၏​ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ရ​ရှိ​နိုင်​ပါ​သည်​တ​ကား။

သူ​တို့​သည်​နွား​ကောင်​ရေ​ခု​နစ်​ဆယ်၊ သိုး ကောင်​ရေ​တစ်​ရာ​နှင့်​သိုး​ငယ်​ကောင်​ရေ​နှစ် ရာ​တို့​ကို​ထာ​ဝရ​ဘု​ရား​အား မီး​ရှို့​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ယူ​ဆောင်​လာ​ပြီး​လျှင်၊-

အ​ကယ်​၍​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​သည့် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဝင်​ပြန်​သွား​ရန်​အ​တွက် အ​ကူ​အ​ညီ​လို​ပါ​က​သူ​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​က ကူ​ညီ​ရ​ကြ​မည်။ သူ​တို့​သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​ပြင် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​ရ​ကြ​မည်'' ဟု​ပါ​ရှိ​သ​တည်း။

စိတ်​စေ​တ​နာ​ရှိ​သော​အ​မျိုး​သား​နှင့်​အ​မျိုး သ​မီး​တို့​သည်​ရွှေ​ရင်​ထိုး၊ ရွှေ​နား​ကွင်း၊ ရွှေ​လက် စွပ်​ရွှေ​ဆွဲ​ကြိုး​တို့​ကို​အ​ထူး​ပူ​ဇော်​သကာ အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ထံ​ယူ​ဆောင်​လာ​၍၊

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​လှူ​ဝတ္ထု ဆက်​သ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​အ​လှူ ဝတ္ထု​ဆက်​ကပ်​လို​သူ​တို့​သည်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊-

``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

ဤ​ပွဲ​တော်​များ​သည်​ပုံ​မှန်​ဥ​ပုသ်​နေ့​များ အ​ပြင်​ကျင်း​ပ​ရ​သော​ပွဲ​တော်​များ​ဖြစ်​၏။ ဤ​ပူ​ဇော်​သ​ကာ​များ​သည် ထာ​ဝ​ရဘု​ရား အား​ပုံ​မှန်​ပူ​ဇော်​ခြင်း၊ သစ္စာ​ဝတ်​ဖြေ​ရာ ပူ​ဇော်​ခြင်း၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော် ခြင်း​များ​အ​ပြင်​ပူ​ဇော်​ရ​သော​ပူ​ဇော် သ​ကာ​များ​ဖြစ်​သည်။)

ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​သည် ကား အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။-

တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​အား ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ယဇ်​ကို​ပူ​ဇော် သော​အ​ခါ ယဇ်​ကောင်​နှင့်​အ​တူ​တ​ဆေး မ​ပါ​သော​မုန့်​ကို​လည်း​ယူ​ဆောင်​ခဲ့​ရ​မည်။ ၎င်း​မုန့်​မှာ​သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု လုပ်​သော​မုန့်​လုံး​သို့​မ​ဟုတ်​သံ​လွင်​ဆီ​သုတ် သော​မုန့်​ပြား သို့​မ​ဟုတ်​သံ​လွင်​ဆီ​နှင့်​မုန့် ညက်​ရော​၍​ပြု​လုပ်​သော​မုန့်​ဖြစ်​ရ​မည်။ ဤ​မုန့်​များ​တွင်​တဆေး​မ​ပါ​စေ​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ