Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 29:24

Common Language Bible

ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​ရန်​မင်း​ကြီး​အ​မိန့်​ပေး ထား​သည့်​အ​တိုင်း ဆိတ်​များ​ကို​သတ်​၍ ယဇ်​ပလ္လင်​ပေါ်​သို့​သွေး​ကို​သွန်း​လောင်း​ကြ လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ပြု​ပြီး သူ ယဇ်​ပု​ရော​ဟိတ်​အ​ရေ​အ​တွက်​လုံ​လောက် အောင်​မ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​သို့​လာ​ရောက်​စု​ဝေး​သူ​တို့​သည် မ​များ​သော​ကြောင့်​လည်း​ကောင်း၊ ပြည်​သူ တို့​သည်​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​မြဲ ဖြစ်​သည့်​ပ​ထ​မ​လ​တွင်​မ​ကျင်း​ပ​နိုင် ကြ​ချေ။ ထို​ကြောင့်​ဟေ​ဇ​ကိ​မင်း​နှင့် တ​ကွ မှူး​မတ်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​သည် ထို​ပွဲ​တော် ကို​ဒု​တိ​ယ​လ​၌​ကျင်း​ပ​ရန်​သ​ဘော တူ​ကြ​လေ​သည်။ ထို​နောက်​မင်း​ကြီး​သည် ဣသ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ရှိ လူ အ​ပေါင်း​တို့​ထံ​သို့​အ​ကြောင်း​ကြား​တော် မူ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​နှင့်​မ​နာ​ရှေ အ​နွယ်​တို့​အား​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သည့်​အ​နေ​ဖြင့် ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​လာ ရောက်​ကြ​ရန်​အ​ထူး​ဂ​ရု​ပြု​၍ ဖိတ် ကြား​စာ​များ​ပေး​ပို့​တော်​မူ​လေ​သည်။-

ထို​အ​နု​မော​ဒ​နာ​ပွဲ​၌​သူ​တို့​သည်​နွား​ကောင်​ရေ​တစ်​ရာ၊ သိုး​ကောင်​ရေ​နှစ်​ရာ​နှင့်​သိုး​သား​ငယ်​ကောင်​ရေ​လေး​ရာ​ကို​ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နွယ်​လျှင်​ဆိတ်​တစ်​ကောင်​ကျ​ဖြင့် ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ကြ​၏။-

လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​နှင့်​အ​ခြား​ပွဲ​နေ့​တို့​၌ ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် မီး​ရှို့​ရာ​ယဇ်​အ​တွက်​တိ​ရစ္ဆာန်​များ၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​နှင့်​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​သည် ဆက်​သ​ရ​သော​တာ​ဝန်​ရှိ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပြစ်​များ ပြေ​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ် ပူဇော်​သကာ၊ မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ် တို့​အ​တွက်​စီ​မံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

``ခု​နစ်​ဆယ်​ခု​နစ်​လီ​နှစ်​ကာ​လ​သည်​ကား သင်​၏​အ​မျိုး​သား​များ​နှင့် သင်​၏​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​အား အ​ပြစ်​ဒု​စ​ရိုက် နှင့်​မ​ကောင်း​မှု​များ​မှ​လွတ်​မြောက်​စေ​ရန် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့် အ​ချိန်​ကာ​လ​ဖြစ်​၏။ ရူ​ပါ​ရုံ​နှင့်​ဗျာ​ဒိတ် တော်​အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန်​နှင့် အ​သန့်​ရှင်း​ဆုံး​ဗိ​မာန်​တော်​ကို​ပြန်​လည် ဆက်​ကပ်​နိုင်​ရေး​အ​တွက် ဘု​ရား​သ​ခင် သည်​ထို​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၍ ထာ​ဝ​စဉ်​တ​ရား​မျှ​တ မှု​စိုး​မိုး​ရာ​ခေတ်​ကို​တည်​ထောင်​တော် မူ​လိမ့်​မည်။-

သူ​သည်​နွား​၏​ဦး​ခေါင်း​ပေါ်​တွင် မိ​မိ​လက်​ကို တင်​သ​ဖြင့် နွား​ကို​သူ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ​တော်​မူ​မည်။-

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ် ကို​ဆောင်​ရွက်​ပြီး​နောက်​ရော​ဂါ​ပျောက်​ကင်း သူ​သည်​သန့်​စင်​လိမ့်​မည်။

သို့​ရာ​တွင်​ယဇ်​ကောင်​၏​သွေး​ကို​တဲ​တော်​ထဲ​သို့ ယူ​ဆောင်​၍ အ​ပြစ်​ဖြေ​ရာ​ဝတ်​တွင်​အ​သုံး​ပြု လျှင်​ထို​ယဇ်​ကောင်​၏​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။

မော​ရှေ​သည်​နွား​ကို​သတ်​ပြီး​လျှင်​လက်​ချောင်း ဖြင့်​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့် များ​၌​ရှိ​သော​အ​တက်​များ​ကို​သုတ်​လိမ်း ခြင်း၊ ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​၏​အောက် ခြေ​တွင်​သွန်း​လောင်း​ခြင်း​ဖြင့်​ပလ္လင်​ကို​ဆက် ကပ်​၍​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​နိုင်​ရန် သန့်​ရှင်း​စေ​၏။-

ထို့​နောက်​သူ​သည်​လူ​များ​အ​တွက် ပူ​ဇော် သ​ကာ​ကို​ဆက်​သ​လေ​သည်။ သူ​သည်​လူ​များ အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ဆိတ်​ကို ယူ​၍​သတ်​ပြီး​လျှင် မိ​မိ​အ​တွက်​အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​သည့်​နည်း​အ​တိုင်း​ဆိတ်​ကို ပူ​ဇော်​လေ​သည်။-

ထို့​ကြောင့်​ကိုယ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​အံ့​သော​ငှာ​က​ရု​ဏာ၊ သစ္စာ​နှင့် ပြည့်​ဝ​သည့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင် ရန် အ​ရာ​ရာ​၌​မိ​မိ​၏​ညီ​အစ်​ကို​များ​နှင့် တူ​ညီ​ရ​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ