၂ ရာချုပ် 29:20Common Language Bibleဟေဇကိမင်းသည်မဆိုင်းမတွဘဲ ယေရု ရှလင်မြို့မှလူကြီးလူကောင်းများကို စုဝေးစေပြီးလျှင် သူတို့နှင့်အတူဗိမာန် တော်သို့ကြွတော်မူ၏။- အခန်းကိုကြည့်ပါ။ |
မင်းဆွေမင်းမျိုးများအပြစ်၊ ယုဒပြည်သူ များအပြစ်ပြေစေရန်နှင့် ဗိမာန်တော်သန့် စင်စေရန်သူတို့သည်နွားခုနစ်ကောင်၊ သိုး ခုနစ်ကောင်၊ သိုးငယ်ခုနစ်ကောင်နှင့်ဆိတ် ခုနစ်ကောင်ကိုယူဆောင်သွားကြ၏။ မင်း ကြီးသည်အာရုန်မှဆင်းသက်သောယဇ် ပုရောဟိတ်တို့အား``တိရစ္ဆာန်များကိုယဇ် ပလ္လင်ပေါ်တွင်တင်၍ပူဇော်ကြလော့'' ဟု မိန့်တော်မူ၏။-