Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 29:16

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​စင်​မှု​ကို ဆောင်​ရွက်​ရန် ဗိ​မာန်​တော်​သို့​ဝင်​၍​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ မ​သန့်​စင်​သည့်​အ​ရာ ဟူ​သ​မျှ​ကို​တံ​တိုင်း​တော်​သို့​ထုတ်​လာ သော​အ​ခါ ထို​အ​ရာ​များ​ကို​လေဝိ​အ​နွယ် ဝင်​တို့​က​မြို့​ပြင်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​သို့ သယ်​ပို့​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​၏​နောက်​သို့​လိုက်​သူ​များ​ထွက်​ခွာ​သွား ကြ​သော​အ​ခါ ပြည်​သူ​ပြည်​သား​တို့​သည်​အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ မင်း​ကြီး​နှင့်​နောက်​လိုက် အ​ပေါင်း​တို့​သည်​ကေ​ဒြုန်​ချောင်း​ကို​ကူး​၍ တော​ကန္တာ​ရ​သို့​ရှေ့​ရှု​သွား​ကြ​လေ​သည်။

အာ​သ​မင်း​သည်​မိ​မိ​၏​အ​ဘွား​တော်​မာ​ခါ ၏​ထံ​တော်​မှ မယ်​တော်​ဘု​ရင်​မ​ရာ​ထူး​ကို​နှုတ် သိမ်း​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ သည်​မြေ​သြ​ဇာ​ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ​အာ​ရှ​ရ ဘု​ရား​မ​အား​ကိုး​ကွယ်​ရန် အ​တွက်​ရှု​မ​ကောင်း မြင်​မ​ကောင်း​သော​ရုပ်​တု​ကို​ပြု​လုပ်​ထား​သော ကြောင့်​ဖြစ်​၏။ အာ​သ​သည်​ထို​ရုပ်​တု​ကို အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ကာ ကေ​ဒြုန်​ချိုင့်​ဝှမ်း တွင်​မီး​ရှို့​စေ​တော်​မူ​၏။-

အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​နာ​မည်​တွင် သော​အ​တွင်း​ခန်း​သည်​အ​လျား​မှာ​ပေ​သုံး​ဆယ်၊ အ​နံ​မှာ​ဗိ​မာန်​တော်​အ​နံ​အ​တိုင်း​ပေ​သုံး​ဆယ် ရှိ​၏။ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​မွမ်း​မံ ရန်​ရွှေ​နှစ်​ဆယ့်​ငါး​တန်​ကို​အ​သုံး​ပြု​တော် မူ​၏။-

သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​များ​ပူ ဇော်​ရာ​နှင့် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ရှိ သ​မျှ​ကို​ယူ​၍​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ပစ် ချ​လိုက်​ကြ​၏။ လ​ဆန်း​တစ်​ဆယ့်​လေး​ရက် နေ့​၌​သူ​တို့​သည် ပ​သ​ခါ​ယဇ်​ပူ​ဇော်​ရန် အ​တွက်​သိုး​များ​ကို​သတ်​ကြ​လေ​သည်။-

ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် လာ​ပြီး​လျှင် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ၌​ခေ​ရု​ဗိမ်​များ​၏​အ​ကြား​တွင်​ထား​ကြ​၏။-

အ​ခန်း​များ​ကို​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပြု​စေ​၍​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ နှင့်​နံ့​သာ​ပေါင်း​တို့​ကို​ပြန်​သွင်း​ရန်​အ​မိန့် ပေး​၏။

သင်​တို့​အား​ညစ်​ညမ်း​မှု​ရှိ​သ​မျှ​နှင့်​ကင်း စင်​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​ကြုံ​ရ​ကြ​စေ ရန်​ဆန်​ရေ​စ​ပါး​ပေါ​များ​စေ​မည်။-

``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​ထုံး​ဖြူ​သုတ်​သော​သင်္ချိုင်း​ဂူ​များ​နှင့် တူ​ကြ​၏။ ထို​ဂူ​တို့​သည်​ပြင်​ပ​သဏ္ဌာန်​အား​ဖြင့် လှ​သော်​လည်း အ​တွင်း​၌​မူ​ကား​လူ​သေ​အ​ရိုး နှင့်​ပုပ်​နေ​သော​အ​လောင်း​ကောင်​တို့​ဖြင့်​ပြည့် နှက်​နေ​တော့​၏။-

ဤ​သို့​ဆု​တောင်း​တော်​မူ​ပြီး​နောက်​ကိုယ်​တော် သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၍ ကေ​ဒြုန်​ချောင်း​ကို​ကူး​တော်​မူ​၏။ ထို​အ​ရပ် တွင်​ဥ​ယျာဉ်​တစ်​ခု​ရှိ​၏။ သ​ခင်​ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​သည် ထို​ဥ​ယျာဉ်​ထဲ​သို့​ဝင် ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ