၂ ရာချုပ် 28:4Common Language Bibleရုပ်တုကိုးကွယ်ရာဌာနများ၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ အရိပ် ကောင်းသည့်သစ်ပင်ရှိသမျှတို့အောက်၌ လည်းကောင်းအာခတ်သည်ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့၏။ အခန်းကိုကြည့်ပါ။ |
သူသည်ယုဒပြည်မြို့ကြီးမြို့ငယ်ဟူသမျှ တွင် လူမျိုးခြားသားများ၏ဘုရားများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းတည်ဆောက်၏။ ဤနည်း အားဖြင့်မိမိအပေါ်သို့ ဘိုးဘေးများ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော် ကိုသက်ရောက်စေလေသည်။
ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။-