၂ ရာချုပ် 28:18Common Language Bibleထိုအချိန်ကာလ၌ပင်ဖိလိတ္တိအမျိုးသား တို့သည် ယုဒပြည်တောင်ပိုင်းနှင့်အနောက် ဘက်ရှိတောင်ခြေရင်းမြို့များကိုတိုက်ခိုက် ကြ၏။ သူတို့သည်ဗက်ရှေမက်မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့၊ တိမနာမြို့၊ ဂိမဇောမြို့များနှင့်ကျေးရွာများကိုသိမ်း ယူပြီးလျှင် ထိုမြို့ရွာတို့တွင်အတည်တကျ နေထိုင်ကြလေသည်။- အခန်းကိုကြည့်ပါ။ |
လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''