ယောသံသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကို တစ်သမတ်တည်း လိုက်နာသဖြင့်တန်ခိုးကြီးလာ၏။-
ယောရှဖတ်သည်ခမည်းတော်အာသနန်း တက်စအခါကပြုမူခဲ့သည့်စံနမူနာ ကိုလိုက်၍ ဗာလဘုရားအားဝတ်မပြု ရှိမခိုးဘဲနေသဖြင့်ထာဝရဘုရားသည် သူ့အားကောင်းချီးပေးတော်မူ၏။-
သူသည်ခမည်းတော်၏ဘုရားကိုကိုးကွယ် ၍ဘုရားသခင်၏အမိန့်တော်ကိုနာခံ တော်မူ၏။ ဣသရေလဘုရင်တို့၏လမ်းစဉ် ကိုလိုက်တော်မမူ။-
သို့ရာတွင်ဘုရင်မင်းသည်လူတို့ကိုးကွယ်သော အာရှရဘုရားမ၏တံခွန်တိုင်ရှိသမျှကို ဖယ်ရှားပြီးလျှင် ထာဝရဘုရား၏အလိုတော် ကိုလိုက်လျှောက်ရန်ကြိုးစားသဖြင့် ဘုရင်မင်း မှာအကျင့်ကောင်းအနည်းငယ်ရှိသေး၏'' ဟု ဆိုလေသည်။
သူသည်မိမိ၏ဘာသာရေးအတိုင်ပင်ခံ ဇာခရိအသက်ရှင်လျက်နေသမျှကာလ ပတ်လုံး ထာဝရဘုရားအားသစ္စာနှင့်ကိုး ကွယ်သဖြင့်ဘုရားသခင်သည်သူ့အား ကောင်းချီးပေးတော်မူ၏။
အမ္မုန်ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက် ခိုက်နှိမ်နင်းပြီးလျှင် အမ္မုန်အမျိုးသားတို့ အားလက်ဆောင်ပဏ္ဏာအဖြစ်ဖြင့်တစ်နှစ် လျှင်ငွေချိန်လေးတန်၊ ဂျုံဆန်တင်းငါးသောင်း နှင့် မုယောဆန်တင်းငါးသောင်းကိုသုံးနှစ် တိုင်တိုင်ပေးဆက်စေလေသည်။-