Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 26:9

Common Language Bible

သြ​ဇိ​သည်​မြို့​ရိုး​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး​နှင့် မြို့​ရိုး​ထောင့်​ထိပ်​တို့​တွင်​မျှော်​စင်​များ​ကို​တည် ဆောက်​ခြင်း​အား​ဖြင့် ယေ​ရု​ရှ​လင်​ကို​ခိုင်​ခံ့ အောင်​ပြု​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု ရှ​လင်​မြို့​သို့​ချီ​တက်​၍​မြို့​ရိုး​ပေ​ခြောက်​ရာ ကို​ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ချ​လိုက်​၏။-

ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​ပြီး​လျှင် မြို့​ရိုး​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ကိုက်​နှစ်​ရာ​မျှ​ကို​ဖြို​ချ​လိုက်​၏။-

ငါ​တို့​သည်​အ​နောက်​ဘက်​ရှိ​ချိုင့်​တံ​ခါး မှ​ထွက်​၍ တောင်​ဘက်​န​ဂါး​စမ်း​တွင်း​ကို​ဖြတ် ကာ​အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​လျှောက်​သွား ကြ​၏။ ထို​အ​ခါ​၌​မိုး​မ​လင်း​သေး​ပေ။ ငါ သည်​ဤ​သို့​သွား​ရောက်​လျက်​ပြို​ကျ​နေ​သော မြို့​ရိုး​များ​နှင့်​မီး​လောင်​ပျက်​စီး​သွား​သည့် မြို့​တံ​ခါး​များ​ကို​စစ်​ဆေး​ကြည့်​ရှု​၏။-

ငါ​သည်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​၍ မြည်း​စီး​ပြီး​လျှင်​မြို့​ရိုး​ကို​စစ်​ဆေး ကြည့်​ရှု​၏။ ထို​နောက်​လာ​လမ်း​အ​တိုင်း ပြန်​ပြီး​လျှင်​ချိုင့်​ဝှမ်း​တံ​ခါး​မှ​နေ​၍ မြို့​ထဲ​သို့​ဝင်​၏။

ဟာ​နုန်​နှင့်​ဇာ​နော​မြို့​သား​တို့​သည် ချိုင့် တံ​ခါး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​လျှင် တံ​ခါး​ရွက်​များ၊ တံခါး​ပိတ်​ရန်​မင်း​တုပ် များ​နှင့်​ကန့်​လန့်​ကျင်​များ​ကို​တပ်​ဆင်​ကြ​၏။ ထို့​နောက်​မြို့​ရိုး​ပေ​တစ်​ထောင့်​ငါး​ရာ​ကို အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​ပြင်​ဆင်​ကြ​၏။

ဟေ​န​ဒဒ်​၏​သား​ဗိန္နိ​သည်​နောက်​တစ်​ပိုင်း ကို​အာ​ဇ​ရိ​၏​နေ​အိမ်​မှ​မြို့​ထောင့်​တိုင် အောင်​တည်​ဆောက်​၏။

နောက်​ဆုံး​အ​ပိုင်း​ကို​ပန်း​ထိမ်​သ​မား​များ နှင့်​ကုန်​သည်​များ​က​ထို​မြို့​ရိုး​ထောင့်​ခန်း မှ​သိုး​တံ​ခါး​တိုင်​အောင်​တည်​ဆောက်​ကြ သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​က``မြို့​တော်​တစ်​ခု​လုံး​ကို ဟာ​န​နေ​လ​ရဲ​တိုက်​မှ မြို့​ထောင့်​တံ​ခါး​တိုင် အောင်​ပြန်​လည်​တည်​ဆောက်​ရ​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-

မြောက်​ဘက်​ရှိ​ဂေ​ဘ​မြို့​မှ​သည် တောင်​ဘက်​ရှိ ရိမ္မုန်​မြို့​တိုင်​အောင်​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း ကျင်​မှ မြေ​များ​ကို​ညီ​ညာ​အောင်​ညှိ​ရ​ကြ လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း​ပတ် ဝန်း​ကျင်​မြေ​များ​၏​အ​ထက်​တွင်​မိုး​၍​နေ လိမ့်​မည်။ ဤ​မြို့​သည်​ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် တံ​ခါး​ဟောင်း​ရှိ​ခဲ့​ဖူး​သည့်​မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာန​နေ​လ​ရဲ​တိုက် မှ​သည်​နန်း​တော်​စ​ပျစ်​သီး​နယ်​ရာ​ကျင်း များ​တိုင်​အောင်​လည်း​ကောင်း​တည်​ရှိ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ