Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 26:21

Common Language Bible

သြ​ဇိ​မင်း​သည်​ထို​အ​ချိန်​မှ​စ​၍​သေ​သည် တိုင်​အောင် ဤ​ရော​ဂါ​ကြောင့်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​စင်​သူ​ဖြစ်​လာ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော်​သို့​နောက်​တစ်​ဖန်​ပြန် လည်​ဝင်​ရောက်​ခွင့်​မ​ရ​တော့​သ​ဖြင့် သား​တော် ယော​သံ​အား​မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ ကို​လွှဲ​ပြောင်း​ပေး​အပ်​လိုက်​ရ​၏။ တိုင်း​ပြည် ကို​သား​တော်​အုပ်​စိုး​လျက်​နေ​စဉ် သူ​သည် မိ​မိ​၏​အိမ်​တော်​၌​သာ​နေ​ထိုင်​ရ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ရေ​ပြား​ရော​ဂါ​စွဲ​ကပ်​သူ​လူ​လေး​ယောက်​တို့ သည် မြို့​တံ​ခါး​ပြင်​တွင်​ထိုင်​လျက်``ငါ​တို့​သည် မ​သေ​မ​ချင်း​ဤ​အ​ရပ်​တွင်​အ​ဘယ်​ကြောင့် စောင့်​နေ​ရ​ကြ​မည်​နည်း။-

အာ​ဇ​ရိ​နှင့်​အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကြောက်​ရွံ့​သည့်​အ​မူ​အ​ရာ​ဖြင့် မင်း​ကြီး​န​ဖူး ကို​စိုက်​၍​ကြည့်​ပြီး​လျှင်​သူ့​အား​ဗိ​မာန်​တော် မှ​နှင်​ထုတ်​ကြ​၏။ မင်း​ကြီး​သည်​လည်း​မိ​မိ အား​ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​ကို​သိ​၍ အ​ဆော​တ​လျင်​ထွက်​ခွာ သွား​တော်​မူ​၏။

ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဇာ​ဒုတ်​၏​သ​မီး​ယေ​ရု​ရှာ​ဖြစ်​၏။-

သူ​၏​ကိုယ်​၌​ထို​ရော​ဂါ​စွဲ​နေ​သည့်​ကာ​လ ပတ်​လုံး သူ​သည်​မ​သန့်​ရှင်း​သ​ဖြင့် လူ​သူ​နှင့် ဝေး​ရာ​စ​ခန်း​အ​ပြင်​၌​ထွက်​၍​နေ​ထိုင်​ရ​မည်။

ရော​ဂါ​ပျောက်​ကင်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍ ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ သ​မျှ​ကို​ရိတ်​ပြီး​လျှင်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သ​ဖြင့် စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင် နိုင်​သည်။ သို့​ရာ​တွင်​သူ​၏​တဲ​အ​ပြင်​၌ ခု​နစ်​ရက်​နေ​ထိုင်​ရ​မည်။-

ထို့​ကြောင့်​မိ​ရိ​အံ​ကို​စ​ခန်း​အ​ပြင်​သို့ ခု​နစ် ရက်​မျှ​သီး​ခြား​နေ​ထိုင်​ရန်​ထုတ်​ထား​ကြ​သည်။ သူ​စ​ခန်း​ထဲ​သို့​ပြန်​ရောက်​မှ​လူ​များ​တို့​သည် ခ​ရီး​ဆက်​ကြ​လေ​သည်။-

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မ​သန့်​စင် သူ​တို့​ကို​စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ်​လိုက် ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ