၂ ရာချုပ် 26:18Common Language Bibleတားဆီးရန်လိုက်သွားပြီးလျှင်``အို သြဇိမင်း၊ ဘုရင်မင်းသည်ထာဝရဘုရားအားနံ့သာပေါင်း ကိုမီးရှို့ပူဇော်ခွင့်ရှိသူမဟုတ်ပါ။ ဤအမှု ကိုပြုရန်ဆက်ကပ်ပူဇော်ထားသူများမှာ အာရုန် မှဆင်းသက်လာသူယဇ်ပုရောဟိတ်များသာ လျှင်ဖြစ်ပါ၏။ ဤသန့်ရှင်းရာဌာနတော်မှ ထွက်ခွာသွားပါလော့။ ဘုရင်မင်းသည်ထာဝရ အရှင်ဘုရားသခင်အားပြစ်မှားလေပြီ။ ထို ကြောင့်ကိုယ်တော်သည်ထာဝရအရှင်ဘုရားသခင်၏ကောင်းချီးကိုမခံရတော့ပါ'' ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
သို့ရာတွင်သင်နှင့်သင်၏သားများကသာ ယဇ်ပလ္လင်နှင့်အလွန်သန့်ရှင်းသောဌာနတော် နှင့်ဆိုင်သော ယဇ်ပုရောဟိတ်ဝတ်ရှိသမျှ ကိုဆောင်ရွက်ရမည်။ မဆိုင်သူတစ်စုံတစ် ယောက်သည်ချဉ်းကပ်မိလျှင် ထိုသူအားသေ ဒဏ်စီရင်ရမည်။ ငါသည်သင်တို့အားယဇ် ပုရောဟိတ်ရာထူးချီးမြှင့်ထားသည်ဖြစ် ရာ သင်တို့သည်ဤတာဝန်များကိုထမ်း ဆောင်ရမည်'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-