၂ ရာချုပ် 26:16Common Language Bibleသို့သော်သြဇိမင်းသည်တန်ခိုးကြီးလာသော အခါ မာန်မာနလည်းထောင်လွှားလာသဖြင့် အကျိုးနည်းရလေသည်။ သူသည်ဗိမာန်တော် သို့ဝင်၍နံ့သာပေါင်းကို သက်ဆိုင်ရာယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ခြင်းအားဖြင့် မိမိ၏ ဘုရားသခင်ထာဝရဘုရားအားပြစ်မှား၏။- အခန်းကိုကြည့်ပါ။ |
အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။
အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံအမျိုးသားတို့ကိုနှိမ်နင်းလိုက်ပြီဟု ဝါကြွားပြောဆို၏။ သို့ရာတွင်အဆွေတော် နန်းတော်၌ပင်စံမြဲစံနေရန်ကျွန်ုပ်အကြံ ပေးပါ၏။ အဘယ်ကြောင့်အဆွေတော်နှင့်ပြည် သူတို့အား ဆုံးပါးပျက်စီးစေမည့်ဘေး ဒုက္ခကိုရှာလိုပါသနည်း'' ဟုပြန်ကြား လိုက်၏။
မြို့ရိုးထောင့်ထိပ်နှင့်မျှော်စင်များမှနေ၍ မြားနှင့်ကျောက်တုံးကြီးများပစ်ခတ်ရန် ယန္တယားစက်များကိုလည်း ယေရုရှလင် မြို့ရှိတီထွင်တတ်သူအတတ်ပညာရှင် များကပြုလုပ်ပေးကြလေသည်။ ဘုရားသခင်ထံမှအံ့သြဖွယ်မစတော်မူခြင်း ကိုခံရသဖြင့် မင်းကြီးသည်အလွန် တန်ခိုးကြီးလာပြီးလျှင်သူ၏ဂုဏ် သတင်းသည်အရပ်တကာသို့ပျံ့နှံ့ သွားလေ၏။
လေဝိအနွယ်ဝင်၊ ကောဟတ်၏သားချင်းစုမှ ဣဇဟာ၏သားကောရသည်မောရှေကိုပုန် ကန်လေ၏။ သူနှင့်ကြံရာပါများမှာရုဗင် အနွယ်ဝင်သုံးဦးတို့ဖြစ်ကြသည်။ ထိုသူ တို့မှာဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံ၊ ပေလက်၏သားသြန တို့ဖြစ်ကြသည်။ သူတို့ဘက်တွင်ဣသရေလ အမျိုးသားခေါင်းဆောင်နှစ်ရာ့ငါးဆယ် လည်းပါဝင်သည်။-
မမှန်ကန်သောနှိမ့်ချခြင်း၊ ကောင်းကင်တမန် တို့အားဝတ်ပြုကိုးကွယ်ခြင်းတို့ကိုအလေး အနက်ပြောဆို၍မိမိတို့တွေ့မြင်သည့်ဗျာ ဒိတ်ရူပါရုံများကိုအကြောင်းပြုကာ မိမိ တို့ကအခြားသူတို့ထက်သာသည်ဟုပြော ဆိုတတ်သူများကသင်တို့အားရှုတ်ချခွင့် ကိုမပေးနှင့်။ သူတို့သည်လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက်အကြောင်းမဲ့စိတ် နေမြင့်လျက်ရှိကြ၏။-