၂ ရာချုပ် 25:8Common Language Bibleစစ်ပွဲတွင်သူတို့ပါရှိခြင်းအားဖြင့်ပိုမို အင်အားတောင့်တင်းလိမ့်မည်ဟု မင်းကြီး ထင်မှတ်ကောင်းထင်မှတ်ပါလိမ့်မည်။ သို့ သော်လည်းဘုရားသခင်သည်စစ်ပွဲအနိုင် အရှုံးကိုပေးပိုင်သောတန်ခိုးရှင်ဖြစ်တော် မူသဖြင့် ထိုသူတို့နှင့်အရှင်မင်းကြီး မဟာမိတ်ဖွဲ့ပါမူမင်းကြီးအားရန်သူ တို့လက်တွင်အရေးရှုံးနိမ့်စေတော်မူ လိမ့်မည်''ဟုလျှောက်ထား၏။ အခန်းကိုကြည့်ပါ။ |
မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်သော အခါမင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ် မင်းနှင့်ငါသည်ရာမုတ်မြို့သို့ချီတက်တိုက် ခိုက်သင့်သလော၊ မသင့်သလော'' ဟုမေး တော်မူ၏။ မိက္ခာကလည်း``တိုက်ခိုက်တော်မူပါ၊ အောင်မြင် တော်မူပါလိမ့်မည်။ ထာဝရဘုရားသည် အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟု ပြန်လည်လျှောက်ထား၏။
ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။
တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားပေး တော်မူသောအစွမ်းသတ္တိကြောင့်သာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလာရကြောင်းသိမှတ်လော့။ ယင်းသို့အစွမ်းသတ္တိပေးတော်မူခြင်းအကြောင်း မှာ ကိုယ်တော်သည်သင်တို့၏ဘိုးဘေးတို့နှင့် ပြုတော်မူသောပဋိညာဉ်ကို ယနေ့တိုင်အောင် တည်စေလျက်ရှိသောကြောင့်တည်း။-
ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။