ထိုနောက်သူ၏အလောင်းကိုမြင်းပေါ်တွင်တင် ၍ယူဆောင်လာပြီးလျှင် ဒါဝိဒ်မြို့ရှိဘုရင် တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြလေသည်။
သူ၏အလောင်းကိုမြင်းပေါ်တွင်တင်၍ယူ ဆောင်လာပြီးလျှင် ဒါဝိဒ်မြို့ရှိဘုရင်များ ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြလေသည်။-
ထာဝရဘုရားအားအာမဇိပုန်ကန်ချိန်မှ အစပြု၍ သူ့အားလုပ်ကြံရန်ယေရုရှလင် မြို့တွင်လျှို့ဝှက်ကြံစည်မှုရှိခဲ့၏။ နောက်ဆုံး ၌သူသည်လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။-
ယုဒပြည်သူအပေါင်းတို့သည်အာမဇိ၏ သားတော်အသက်တစ်ဆယ့်ခြောက်နှစ်ရှိ သြဇိကို ဘုရင်အဖြစ်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံစေရန်ရွေးချယ် ကြလေသည်။-