Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



၂ ရာ​ချုပ် 25:17

Common Language Bible

ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည်​ဣသ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန် လျှို့​ဝှက်​ကြံ​စည်​ပြီး​နောက် ယေ​ဟု​၏​မြေး၊ ယော​ခတ်​၏​သား​ယ​ဟော​ရှ ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ မိ​မိ​နှင့်​စစ်​ပြိုင် ရန်​စိန်​ခေါ်​လိုက်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အာ​ဗ​နာ​က​ယွာ​ဘ​အား``ငါ​တို့​တစ်​ဘက်​စီ မှ​လူ​ငယ်​အ​ချို့​တို့​ကို​စစ်​က​စား​စေ​ကြ​အံ့'' ဟု​ဆို​လျှင်၊ ယွာ​ဘ​က``ကောင်း​ပြီ'' ဟု​ဆို​လေ​၏။

ဤ​အ​တော​အ​တွင်း​၌​မိ​မိ​နှင့်​အ​တူ​စစ်​ပွဲ ဝင်​ရန် အာ​မ​ဇိ​အ​ခွင့်​မ​ပြု​ခဲ့​သည့်​ဣသ​ရေ​လ တပ်​သား​တို့​သည် ရှ​မာ​ရိ​မြို့​နှင့်​ဗေ​သော​ရုန် မြို့​စပ်​ကြား​တွင်​ရှိ​သော​ယု​ဒ​မြို့​များ​ကို တိုက်​ခိုက်​ကာ လူ​သုံး​ထောင်​ကို​သတ်​၍​ပစ္စည်း အ​မြောက်​အ​မြား​ကို​သိမ်း​သွား​ကြ​လေ သည်။

ထို​အ​ခါ​အာ​မ​ဇိ​က``ဘယ်​အ​ခါ​က​သင့်​အား ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​အ​ဖြစ်​ခန့်​ထား​ခဲ့ ပါ​သ​နည်း။ သင်​သည်​ဆိတ်​ဆိတ်​မ​နေ​ပါ​မူ အ​သတ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​က​လည်း``မင်း​ကြီး​သည်​ဤ​အ​မှု တို့​ကို​ပြု​၍​ငါ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​ကို သုတ်​သင်​ဖျက်​ဆီး​ရန်​ကြံ​ရွယ်​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​ဆို​ပြီး​လျှင် ဆိတ်​ဆိတ်​နေ​လေ​၏။

ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ် အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့်ရောနှော တတ်၏။

ပွဲ​တော်​ပြီး​ဆုံး​ချိန်​၌​အိမ်​သို့​ပြန်​ကြ​၏။ ထို အ​ခါ​သူ​ငယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှာ နေ​ရစ်​၏။ ထို​သို့​နေ​ရစ်​သည်​ကို​မိ​ဘ​များ မ​သိ​ကြ။-

``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ